45. ထို့နောက်ဇာဒုတ်နှင့်နာသန်တို့ကရှောလမုန် အား ဂိဟုန်စမ်းတွင်ဘိသိက်ပေးကြပါသည်။ သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ် လျက်မြို့ထဲသို့ဝင်ကြသဖြင့် မြို့သူမြို့သား တို့သည်ယခုအခါအုတ်အုတ်ကျက်ကျက် ဖြစ်၍နေကြပါ၏။ အရှင်ကြားရသည့် အသံသည်ထိုသူတို့၏အသံပင်ဖြစ်ပါ၏။-
46. ရှောလမုန်သည်ယခုဘုရင်ဖြစ်လေပြီ။
47. မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-
48. `ငါ၏အဆက်အနွယ်ထဲမှတစ်ဦးအားငါ ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်စေတော် မူသည်သာမကငါ့အားလည်း ထိုအမှုကို မြင်နိုင်ခွင့်ပေးတော်မူသောဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြစို့' ဟုဆုတောင်းပတ္ထနာ ပြုတော်မူပါ၏'' ဟူ၍ပြန်လည်ဖြေကြား လေသည်။