4. လွန်စွာအဆင်းလှသည့်ထိုအမျိုးသမီးသည် မင်းကြီးအပါးတော်တွင်လုပ်ကျွေးပြုစုသော် လည်း မင်းကြီးသည်သူနှင့်ကိုယ်လက်နှီးနှောမှု ကိုမပြုချေ။
7. သူသည်ဇေရုယာ၏သားယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့နှင့်တိုင်ပင်ရာ ထိုသူတို့က သူ့အားကူညီရန်သဘောတူကြ၏။-
8. သို့ရာတွင်ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣ နှင့်ဒါဝိဒ်၏ကိုယ်ရံတော်တပ်သားများကမူ အဒေါနိယဘက်သို့မဝင်ကြ။
9. တစ်နေ့သောအခါအဒေါနိယသည် အင်္ရော ဂေလစမ်းချောင်းအနီး၊ မြွေကျောက်ဆောင် တွင်သိုးနွားနှင့်ဆူဖြိုးသောကျွဲငယ်များ ကိုယဇ်ပူဇော်ကာ ဒါဝိဒ်မင်း၏အခြား သားတော်များနှင့်ယုဒမှူးမတ်များအား ထိုပူဇော်ပွဲသို့ခေါ်ဖိတ်လေသည်။-
10. သို့သော်မိမိနှင့်အဖေတူအမေကွဲညီ တော်သူရှောလမုန်နှင့်ပရောဖက်နာသန်၊ ဗေနာယနှင့်ဘုရင့်ကိုယ်ရံတော်တပ်သား များကိုမခေါ်မဖိတ်ချေ။
11. ထိုအခါနာသန်သည် ရှောလမုန်၏မယ်တော် ဗာသရှေဘထံသို့သွား၍``ဟ္ဂိတ်၏သား အဒေါနိယသည် မိမိကိုယ်ကိုမိမိမင်းမြှောက် လိုက်ကြောင်းသင်ကြားပြီလော။ ဒါဝိဒ်မင်းပင် ထိုသတင်းကိုကြားတော်မမူသေးပါ။-
12. သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။-
13. သင်သည်ယခုချက်ချင်းဒါဝိဒ်မင်းထံသွား ၍`အရှင်မင်းကြီး၊ ကျွန်မ၏သားရှောလမုန် အားအရှင့်အရိုက်အရာကိုဆက်ခံ၍နန်း ထိုင်ရမည်ဟုအရှင်ကျိန်ဆိုကတိပြုတော် မူခဲ့သည်မဟုတ်ပါလော။ ယခုအဘယ်ကြောင့် အဒေါနိယသည်ဘုရင်ဖြစ်သွားပါသနည်း' ဟုမေးလျှောက်လော့။-
14. ယင်းသို့သင်မေးလျှောက်နေစဉ်အကျွန်ုပ်သည် ဝင်လာ၍ သင်၏စကားကိုအတည်ပြုမည်'' ဟု ဆို၏။
15. ထို့ကြောင့်ဗာသရှေဘသည် မင်းကြီးအား ခစားရန်အဆောင်ထဲသို့ဝင်လေ၏။ မင်းကြီး သည်လွန်စွာအိုမင်းပြီဖြစ်၍ ရှုနင်မြို့သူ အဘိရှက်ကသူ့အားလုပ်ကျွေးပြုစုလျက် နေ၏။-
16. ဗာသရှေဘသည်မင်းကြီး၏ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်လိုက်သောအခါမင်းကြီး က``သင်အဘယ်အရာကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။
17. ဗာသရှေဘက``အရှင်မင်းကြီး၊ အရှင်သည် ကျွန်မ၏သားရှောလမုန်အားအရှင့်အရိုက် ရာကိုဆက်ခံ၍ နန်းတင်ရမည်ဟုအရှင်၏ ဘုရားသခင်ထာဝရဘုရားနာမတော်ကို တိုင်တည်၍ကျိန်ဆိုကတိပြုတော်မူခဲ့ပါ၏။-