19. သူသည်နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ် များကိုယဇ်ပူဇော်ကာအရှင်၏သားတော် များ၊ ယဇ်ပုရောဟိတ်များနှင့်အရှင့်တပ်မ တော်ဗိုလ်ချုပ်ယွာဘတို့အားယဇ်ပူဇော်ပွဲ သို့ခေါ်ဖိတ်ပါ၏။ သို့ရာတွင်အရှင်၏ သားတော်ရှောလမုန်ကိုမူမခေါ်ဖိတ်ပါ။-
20. အရှင်မင်းကြီး၊ အရှင့်အရိုက်အရာကိုဆက်ခံ၍ နန်းတက်မည့်သူမှာအဘယ်သူဖြစ်ကြောင်းမိန့် ကြားတော်မူရန် ဣသရေလအမျိုးသားတစ်ရပ် လုံးသည်အရှင့်အားစောင့်မျှော်လျက်နေကြ ပါ၏။-
21. အရှင်ဤသို့မိန့်တော်မမူပါလျှင်ကျွန်မနှင့် ကျွန်မ၏သားရှောလမုန်သည် အရှင်မရှိသည့် နောက်သစ္စာဖောက်များအဖြစ်ဖြင့်ရာဇဝတ် သင့်သူများဖြစ်ကြတော့မည်'' ဟုလျှောက်၏။
22. ယင်းသို့လျှောက်ထားနေချိန်၌ ပရောဖက် နာသန်ရောက်ရှိလာသဖြင့်၊-
23. ပရောဖက်ရောက်ရှိကြောင်းမင်းကြီးအားသံ တော်ဦးတင်ကြ၏။ နာသန်သည်လည်းအခန်း ထဲသို့ဝင်လာပြီးလျှင်ရှေ့တော်၌ဦးညွှတ် ပျပ်ဝပ်လျက်၊-
24. ``အရှင်မင်းကြီး၊ အဒေါနိယအားအရှင် ၏အရိုက်အရာကိုဆက်ခံစေတော်မူမည် ဟုအရှင်ကြေငြာပြီလော။-
25. ယနေ့ပင်လျှင်သူသည်ယဇ်ပလ္လင်သို့သွား၍ နွား၊ သိုးနှင့်ဆူဖြိုးသောနွားငယ်များကိုယဇ် ပူဇော်ပါ၏။ သူသည်အရှင့်သားတော်အပေါင်း နှင့်တပ်မတော်ဗိုလ်ချုပ်ယွာဘနှင့်ယဇ်ပုရော ဟိတ်အဗျာသာတို့ကိုခေါ်ဖိတ်သဖြင့် ယခု အချိန်၌သူတို့သည်အဒေါနိယနှင့်အတူ စားသောက်ကာ`အဒေါနိယမင်းသက်တော် ရှည်ပါစေသော်' ဟုကြွေးကြော်လျက်နေ ကြပါ၏။-