၃ ရာ 1:15-19 Common Language Bible (BCL)

15. ထို့​ကြောင့်​ဗာ​သ​ရှေ​ဘ​သည် မင်း​ကြီး​အား ခ​စား​ရန်​အ​ဆောင်​ထဲ​သို့​ဝင်​လေ​၏။ မင်း​ကြီး သည်​လွန်​စွာ​အို​မင်း​ပြီ​ဖြစ်​၍ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​က​သူ့​အား​လုပ်​ကျွေး​ပြု​စု​လျက် နေ​၏။-

16. ဗာ​သ​ရှေ​ဘ​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​သော​အ​ခါ​မင်း​ကြီး က``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​သနည်း'' ဟု​မေး​တော်​မူ​၏။

17. ဗာ​သ​ရှေ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​မ​၏​သား​ရှော​လ​မုန်​အား​အ​ရှင့်​အ​ရိုက် ရာ​ကို​ဆက်​ခံ​၍ နန်း​တင်​ရ​မည်​ဟု​အ​ရှင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။-

18. သို့​ရာ​တွင်​ယ​ခု​အ​ဒေါ​နိ​ယ​သည်​ဘု​ရင် ဖြစ်​လျက်​နေ​လေ​ပြီ။ သို့​သော်​အ​ရှင်​ထို သ​တင်း​ကို​ကြား​သိ​တော်​မ​မူ​သေး​ပါ။-

19. သူ​သည်​နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ် များ​ကို​ယဇ်​ပူ​ဇော်​ကာ​အ​ရှင်​၏​သား​တော် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​ရှင့်​တပ်​မ တော်​ဗိုလ်​ချုပ်​ယွာ​ဘ​တို့​အား​ယဇ်​ပူ​ဇော်​ပွဲ သို့​ခေါ်​ဖိတ်​ပါ​၏။ သို့​ရာ​တွင်​အ​ရှင်​၏ သား​တော်​ရှော​လ​မုန်​ကို​မူ​မ​ခေါ်​ဖိတ်​ပါ။-

၃ ရာ 1