10. သို့သော်မိမိနှင့်အဖေတူအမေကွဲညီ တော်သူရှောလမုန်နှင့်ပရောဖက်နာသန်၊ ဗေနာယနှင့်ဘုရင့်ကိုယ်ရံတော်တပ်သား များကိုမခေါ်မဖိတ်ချေ။
11. ထိုအခါနာသန်သည် ရှောလမုန်၏မယ်တော် ဗာသရှေဘထံသို့သွား၍``ဟ္ဂိတ်၏သား အဒေါနိယသည် မိမိကိုယ်ကိုမိမိမင်းမြှောက် လိုက်ကြောင်းသင်ကြားပြီလော။ ဒါဝိဒ်မင်းပင် ထိုသတင်းကိုကြားတော်မမူသေးပါ။-
12. သင်သည်သင့်အသက်နှင့်သားတော်ရှောလမုန် ၏အသက်ကိုကယ်လိုလျှင် သင့်အားအကျွန်ုပ် အကြံပေးပါမည်။-
13. သင်သည်ယခုချက်ချင်းဒါဝိဒ်မင်းထံသွား ၍`အရှင်မင်းကြီး၊ ကျွန်မ၏သားရှောလမုန် အားအရှင့်အရိုက်အရာကိုဆက်ခံ၍နန်း ထိုင်ရမည်ဟုအရှင်ကျိန်ဆိုကတိပြုတော် မူခဲ့သည်မဟုတ်ပါလော။ ယခုအဘယ်ကြောင့် အဒေါနိယသည်ဘုရင်ဖြစ်သွားပါသနည်း' ဟုမေးလျှောက်လော့။-
14. ယင်းသို့သင်မေးလျှောက်နေစဉ်အကျွန်ုပ်သည် ဝင်လာ၍ သင်၏စကားကိုအတည်ပြုမည်'' ဟု ဆို၏။