1. အသက်ကြီးသူထံမှအမှန်ပင်သမ္မာတရား တော်အားဖြင့် ငါချစ်မြတ်နိုးသူဂါယုထံ သို့စာရေးလိုက်သည်။
2. ချစ်ဆွေ၊ သင်သည်အစစအရာရာတွင် ကြီးပွားတိုးတက်၍ကျန်းမာရွှင်လန်းစေ ရန်ငါဆုတောင်း၏။ သင်၏ဝိညာဉ်ပါရမီ တိုးတက်လျက်ရှိကြောင်းငါသိ၏။-
3. သင်သည်သမ္မာတရားကိုအမြဲလိုက်နာခဲ့ သည့်အတိုင်း ယခုလည်းသစ္စာနှင့်လိုက်နာကျင့် သုံးလျက်ရှိကြောင်းကို ညီအစ်ကိုအချို့တို့ လာရောက်ပြောပြ၍ကြားရသဖြင့်ငါ သည်အလွန်ဝမ်းမြောက်၏။-
4. ငါ့အားဝမ်းအမြောက်ဆုံးဖြစ်စေသည့်အရာ မှာ သမ္မာတရားကိုငါ့သားသမီးများလိုက် နာကျင့်သုံးကြကြောင်းသတင်းကိုကြားရ ခြင်းပင်ဖြစ်သည်။
5. ချစ်ဆွေ၊ သင်သည်မိမိမသိမကျွမ်းသူညီ အစ်ကိုများကိုပင်လျှင် သင်ပြုရမည့်ဝတ်ကို သစ္စာနှင့်ဆောင်ရွက်ပေသည်။-
6. ထိုသူတို့သည်သင်၏မေတ္တာအကြောင်းကို ဤ အသင်းတော်ရှေ့၌သက်သေခံကြလေပြီ။ သူ တို့သည်ရှေ့သို့ခရီးဆက်နိုင်ကြစေရန်သူ တို့အားဘုရားသခင်နှစ်သက်တော်မူသည့် အတိုင်းကူညီမစပါလော့။-
7. သူတို့သည်ယုံကြည်သူမဟုတ်သူများထံမှ အကူအညီကိုမယူဘဲ နာမတော်အကြောင်း ဟောပြောရန်ခရီးထွက်ကြသူများဖြစ်ပေ သည်။-
8. သို့ဖြစ်၍ငါတို့များသည်သမ္မာတရားပြန့် ပွားရေးလုပ်ငန်းတွင် ထိုသူတို့၏လုပ်ဖော် ဆောင်ဘက်များဖြစ်နိုင်ရန်သူတို့အားကူညီ မစရမည်။
9. ငါသည်အသင်းတော်သို့စာရေးခဲ့သော် လည်း အသင်းတော်၏ခေါင်းဆောင်ဖြစ်လို သူဒယောတရပ်ကငါ့စကားကိုမနာ ခံ။-
10. သို့ဖြစ်၍ငါလာသောအခါမှသူပြုသမျှ သောအမှုတို့ကိုထုတ်ဖော်ပြောဆိုမည်။ သူ သည်ငါတို့အားမလိုမုန်းထားစွပ်စွဲပြော ဆို၏။ ဤမျှနှင့်မကျေနပ်သေးဘဲသူကိုယ် တိုင်ပင်လျှင် ညီအစ်ကိုများကိုလက်မခံ၊ လက်ခံလိုသူများအားလည်းတားမြစ် လျက်အသင်းတော်မှနှင်ထုတ်ရန်ကြိုး စား၏။
11. ချစ်ဆွေ၊ စံနမူနာကောင်းကိုအတုယူပါ။ စံနမူနာဆိုးကိုအတုမယူနှင့်။ အကျင့် ကောင်းကိုပြုကျင့်သူသည်ဘုရားသခင်၏ ဘက်တော်သားဖြစ်၏။ အကျင့်ဆိုးကိုပြု ကျင့်သူကားဘုရားသခင်ကိုမသိမြင် သေးသူဖြစ်၏။