9. ယင်းသို့ပြုကြခြင်းမှာငါတို့တွင်သင်တို့ ၏အထောက်အပံ့ကိုတောင်းပိုင်ခွင့်မရှိကြ ၍မဟုတ်။ သင်တို့လိုက်လျှောက်ရန်စံနမူနာ ရရှိကြစေရန်သာဖြစ်၏။-
10. သင်တို့နှင့်အတူရှိခဲ့စဉ်အခါကငါတို့ သည်သင်တို့အား``အလုပ်မလုပ်လိုသူသည် အစားအစာလည်းမစားရ'' ဟူ၍သွန်သင် လေ့ရှိ၏။
11. သင်တို့အထဲတွင်အပျင်းကြီးလျက်အလုပ် မလုပ်ဘဲ သူတစ်ပါးတို့၏ကိစ္စများတွင်ဝင် ရောက်စွက်ဖက်နေတတ်သူများရှိကြောင်း သိရပေသည်။-
12. ဤကဲ့သို့သောသူတို့အားငြိမ်ဝပ်စွာနေထိုင် ကာအလုပ်ကိုလုပ်၍အသက်မွေးဝမ်းကျောင်း ကြရန် ငါတို့သည်အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြုလျက်အမိန့်ပေး ၍တိုက်တွန်း၏။
13. သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ဘဲ ကောင်းသောအကျင့်ကိုပြုကျင့်ကြလော့။-
14. အကယ်၍လူတစ်စုံတစ်ယောက်သည်ဤစာ တွင်ပါရှိသည့်ညွှန်ကြားချက်များကိုမလိုက် နာသော် ထိုသူကိုသတိပြု၍အရှက်ရစေ ရန်သူနှင့်မပေါင်းဖော်ကြနှင့်။-
15. သို့ရာတွင်သူ့အားရန်သူကဲ့သို့သဘောမထား ဘဲ ညီအစ်ကိုကဲ့သို့သဘောထားကာသတိပေး ကြလော့။
16. ငြိမ်သက်ခြင်း၏အရှင်သခင်ဘုရားကိုယ်တော် တိုင်သင်တို့အား အခါခပ်သိမ်းနည်းအမျိုးမျိုး ဖြင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ စေသော။ သခင်ဘုရားသည်သင်တို့နှင့်အတူ ရှိတော်မူပါစေသော။
17. ငါ၏လက်ဖြင့်ဤစာလုံးများကိုရေး၏။ ငါ ပေါလုသည်သင်တို့အားနှုတ်ဆက်၏။ ငါပေး ပို့သောစာတိုင်းတွင်ဤအတိုင်းလက်မှတ်ရေး ထိုး၏။ ဤကဲ့သို့ငါရေး၏။
18. ငါတို့အရှင်သခင်ယေရှုခရစ်၏ကျေးဇူး တော်ကိုသင်တို့အားလုံးခံစားရကြပါ စေသတည်း။ သက်သာလောနိတ်သြဝါဒစာဒုတိယစောင်ပြီး၏။