8. ငါတို့စားစရိတ်မှန်သမျှကိုငါတို့ကျခံ ခဲ့ကြ၏။ သင်တို့တစ်ဦးတစ်ယောက်အားမျှ ငါတို့အတွက်တာဝန်မရှိရစေရန် ငါတို့ သည်အလုပ်ကိုပင်ပန်းစွာနေ့ရောညဥ့်ပါ လုပ်ကိုင်ခဲ့ကြ၏။-
9. ယင်းသို့ပြုကြခြင်းမှာငါတို့တွင်သင်တို့ ၏အထောက်အပံ့ကိုတောင်းပိုင်ခွင့်မရှိကြ ၍မဟုတ်။ သင်တို့လိုက်လျှောက်ရန်စံနမူနာ ရရှိကြစေရန်သာဖြစ်၏။-
10. သင်တို့နှင့်အတူရှိခဲ့စဉ်အခါကငါတို့ သည်သင်တို့အား``အလုပ်မလုပ်လိုသူသည် အစားအစာလည်းမစားရ'' ဟူ၍သွန်သင် လေ့ရှိ၏။
11. သင်တို့အထဲတွင်အပျင်းကြီးလျက်အလုပ် မလုပ်ဘဲ သူတစ်ပါးတို့၏ကိစ္စများတွင်ဝင် ရောက်စွက်ဖက်နေတတ်သူများရှိကြောင်း သိရပေသည်။-
12. ဤကဲ့သို့သောသူတို့အားငြိမ်ဝပ်စွာနေထိုင် ကာအလုပ်ကိုလုပ်၍အသက်မွေးဝမ်းကျောင်း ကြရန် ငါတို့သည်အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြုလျက်အမိန့်ပေး ၍တိုက်တွန်း၏။