4. သခင်ဘုရားသည်ငါတို့အားသင်တို့အပေါ် တွင်ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့သည် ငါတို့မှာကြားခဲ့သည့်အတိုင်းယခုအခါ ၌ပြုကျင့်လျက်ရှိကြသည်နည်းတူ နောင် အခါ၌လည်းဆက်လက်ပြုကျင့်ကြမည် ကိုငါတို့စိတ်ချယုံကြည်၏။
5. သင်တို့သည်ဘုရားသခင်၏မေတ္တာတော်ကို ပိုမို၍သိမြင်နားလည်နိုင်ကြစေရန်လည်း ကောင်း၊ ခရစ်တော်နည်းတူသည်းခံနိုင်ကြ စေရန်လည်းကောင်း သခင်ဘုရားသည်သင် တို့ကိုလမ်းညွှန်တော်မူပါစေသော။
6. ညီအစ်ကိုတို့၊ အပျင်းကြီးသူညီအစ်ကို အပေါင်းတို့နှင့်လည်းကောင်း၊ ငါတို့ပေးအပ် သည့်ညွှန်ကြားချက်များကိုမလိုက်နာသူ တို့နှင့်လည်းကောင်း မပေါင်းဖော်ကြရန်အရှင် ယေရှုခရစ်၏နာမတော်ကိုအမှီပြုလျက် သင်တို့ကိုငါတို့ပညတ်၏။-
7. သင်တို့သည်ငါတို့အလုပ်လုပ်ခဲ့သည့်စံ နမူနာကိုလိုက်၍ပြုကျင့်သင့်သည်ကို သင် တို့ကိုယ်တိုင်ကောင်းစွာသိရှိကြပေသည်။ သင်တို့နှင့်အတူရှိစဉ်အခါကငါတို့သည် အလုပ်မလုပ်ဘဲမနေခဲ့ကြ။-