14. အကယ်၍လူတစ်စုံတစ်ယောက်သည်ဤစာ တွင်ပါရှိသည့်ညွှန်ကြားချက်များကိုမလိုက် နာသော် ထိုသူကိုသတိပြု၍အရှက်ရစေ ရန်သူနှင့်မပေါင်းဖော်ကြနှင့်။-
15. သို့ရာတွင်သူ့အားရန်သူကဲ့သို့သဘောမထား ဘဲ ညီအစ်ကိုကဲ့သို့သဘောထားကာသတိပေး ကြလော့။
16. ငြိမ်သက်ခြင်း၏အရှင်သခင်ဘုရားကိုယ်တော် တိုင်သင်တို့အား အခါခပ်သိမ်းနည်းအမျိုးမျိုး ဖြင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ စေသော။ သခင်ဘုရားသည်သင်တို့နှင့်အတူ ရှိတော်မူပါစေသော။
17. ငါ၏လက်ဖြင့်ဤစာလုံးများကိုရေး၏။ ငါ ပေါလုသည်သင်တို့အားနှုတ်ဆက်၏။ ငါပေး ပို့သောစာတိုင်းတွင်ဤအတိုင်းလက်မှတ်ရေး ထိုး၏။ ဤကဲ့သို့ငါရေး၏။