၂ သက် 2:3-5 Common Language Bible (BCL)

3. ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​တို့​မှား​ယွင်း စွာ​ပြော​ဆို​နေ​သည်​ကို​လုံး​ဝ​မ​ယုံ​ကြ​နှင့်။ နောက်​ဆုံး​ပုန်​ကန်​မှု​ကြီး​မ​ဖြစ်​ပေါ်​မီ​နှင့် င​ရဲ​သို့​လား​ရ​မည်​ဖြစ်​သော​သူ​ယုတ်​မာ ကြီး​မ​ပေါ်​ထွန်း​မီ​ထို​နေ့​ရက်​သည်​ကျ ရောက်​လိမ့်​မည်​မ​ဟုတ်။-

4. သူ​သည်​လူ​တို့​ကိုး​ကွယ်​သော​အ​မည်​ခံ ဘု​ရား​မှန်​သ​မျှ​ကို​အ​တိုက်​အ​ခံ​ပြု​၍ မိ​မိ​သည်​ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး ကြီး​သည်​ဟု​ဆို​လိမ့်​မည်။ သူ​သည်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​ထဲ​သို့​ပင်​လျှင်​ဝင်​၍ ထိုင်​ကာ​မိ​မိ​ကိုယ်​ကို​ဘု​ရား​ဟု​ကြေ ညာ​လိမ့်​မည်။

5. ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​တို့​အား ပြော​ပြ​ခဲ့​၏။ သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။-

၂ သက် 2