15. သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ကြံ့ကြံ့ ခိုင်ခိုင်ရပ်တည်နေကြလော့။ ဟောပြောခြင်း အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း သင်တို့အားငါတို့သွန်သင်ခဲ့သည့်သစ္စာ တရားများကိုလက်မလွတ်စေကြနှင့်။
16. ငါတို့အရှင်သခင်ယေရှုခရစ်ကိုယ်တော်တိုင် သည်လည်းကောင်း၊ ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့်ခိုင်မြဲသည့်မျှော်လင့် ခြင်းနှင့်မြဲမြံသောရဲရင့်ခြင်းကိုပေးသနား တော်မူသောငါတို့အဖဘုရားသခင်သည် လည်းကောင်း၊-
17. သင်တို့အားကောင်းမြတ်သည့်စကားနှင့်ကောင်း မြတ်သည့်အမှုအမျိုးမျိုးကိုအစဉ်အမြဲ ပြောဆိုပြုမူနိုင်စေရန် အားပေး၍စွမ်းရည် သတ္တိကိုပေးတော်မူပါစေသော။