၂ သက် 2:14-16 Common Language Bible (BCL)

14. သင်​တို့​သည်​ယင်း​သို့​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​အ​တူ ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​ယူ​နိုင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဟော​ပြော​ကြေ​ညာ သည့်​သ​တင်း​ကောင်း​အား​ဖြင့် သင်​တို့​ကို​ရွေး ချယ်​တော်​မူ​သ​တည်း။-

15. သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကြံ့​ကြံ့ ခိုင်​ခိုင်​ရပ်​တည်​နေ​ကြ​လော့။ ဟော​ပြော​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ စာ​အား​ဖြင့်​လည်း​ကောင်း သင်​တို့​အား​ငါ​တို့​သွန်​သင်​ခဲ့​သည့်​သစ္စာ တ​ရား​များ​ကို​လက်​မ​လွတ်​စေ​ကြ​နှင့်။

16. ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကိုယ်​တော်​တိုင် သည်​လည်း​ကောင်း၊ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ကျေး​ဇူး​တော်​အား​ဖြင့်​ခိုင်​မြဲ​သည့်​မျှော်​လင့် ခြင်း​နှင့်​မြဲ​မြံ​သော​ရဲ​ရင့်​ခြင်း​ကို​ပေး​သ​နား တော်​မူ​သော​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​သည် လည်း​ကောင်း၊-

၂ သက် 2