၂ သက် 1:6-12 Common Language Bible (BCL)

6. ဘု​ရား​သ​ခင်​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ကို​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​သူ​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-

11. ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​သင်​တို့ အ​တွက်​အ​စဉ်​အ​မြဲ​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​၏။ သင်​တို့​သည်​ရွေး​ကောက်​တော်​မူ ခြင်း​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ပြု​မူ​ကျင့် ကြံ​နိုင်​ကြ​စေ​ရန် ငါ​တို့​၏​ဘု​ရား​သ​ခင် အား​ငါ​တို့​တောင်း​လျှောက်​ကြ​၏။ ကိုယ်​တော် သည်​တန်​ခိုး​တော်​အား​ဖြင့်​သင်​တို့​၏​ကောင်း မြတ်​သည့်​လို​အင်​ဆန္ဒ​ရှိ​သ​မျှ​ကို​ပြည့်​ဝ စေ​တော်​မူ​၍ သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ရ ပြု​သ​မျှ​သော​အ​မှု​တို့​ကို​ပြီး​မြောက် ခွင့်​ပေး​တော်​မူ​ပါ​စေ​သော။-

12. ဤ​နည်း​အား​ဖြင့်​ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ၏​နာ​မ​တော်​သည်​သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​လိမ့်​မည်။ သင် တို့​သည်​လည်း​ကိုယ်​တော်​ကို​အ​ကြောင်း​ပြု​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ကြ​လိမ့်​မည်။ ငါ တို့​၏​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​ဤ​သို့ ဖြစ်​ပါ​စေ​သော။

၂ သက် 1