4. ထို့ကြောင့်ငါတို့ကိုယ်တိုင်ပင်လျှင်သင်တို့ အကြောင်းကိုဘုရားသခင်၏အသင်းတော် များတွင်ဂုဏ်ယူပြောဆိုကြ၏။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခများကို ခံရသော်လည်းကြံ့ခိုင်လျက်၊ ယုံကြည်ခြင်း ခိုင်မြဲလျက်ရှိသည်ကိုထောက်၍ငါတို့ ဂုဏ်ယူပြောဆိုကြ၏။
5. ဤတွင်ဘုရားသခင်၏စီရင်တော်မူချက် သည်တရားမျှတကြောင်းထင်ရှား၏။ သို့ ဖြစ်၍သင်တို့သည်ကိုယ်တော်၏နိုင်ငံတော် နှင့်ထိုက်တန်သူများဖြစ်လာကြလိမ့်မည်။ သင်တို့သည်နိုင်ငံတော်အတွက်ကြောင့် ယခုဆင်းရဲဒုက္ခခံနေရကြသည်။-
6. ဘုရားသခင်သည်တရားသဖြင့်စီရင်တော် မူသောအရှင်ဖြစ်တော်မူသည်အတိုင်း သင်တို့ ကိုဆင်းရဲဒုက္ခရောက်စေသူတို့အားဆင်းရဲ ဒုက္ခရောက်စေတော်မူလိမ့်မည်။-
11. ဤအကြောင်းကြောင့်ငါတို့သည်သင်တို့ အတွက်အစဉ်အမြဲဆုတောင်းပတ္ထနာ ပြုကြ၏။ သင်တို့သည်ရွေးကောက်တော်မူ ခြင်းကျေးဇူးတော်နှင့်အညီပြုမူကျင့် ကြံနိုင်ကြစေရန် ငါတို့၏ဘုရားသခင် အားငါတို့တောင်းလျှောက်ကြ၏။ ကိုယ်တော် သည်တန်ခိုးတော်အားဖြင့်သင်တို့၏ကောင်း မြတ်သည့်လိုအင်ဆန္ဒရှိသမျှကိုပြည့်ဝ စေတော်မူ၍ သင်တို့၏ယုံကြည်ခြင်းအရ ပြုသမျှသောအမှုတို့ကိုပြီးမြောက် ခွင့်ပေးတော်မူပါစေသော။-
12. ဤနည်းအားဖြင့်ငါတို့အရှင်သခင်ယေရှု ၏နာမတော်သည်သင်တို့ကိုအကြောင်းပြု၍ ဘုန်းအသရေတော်ထွန်းတောက်လိမ့်မည်။ သင် တို့သည်လည်းကိုယ်တော်ကိုအကြောင်းပြု၍ ဘုန်းအသရေထွန်းတောက်ကြလိမ့်မည်။ ငါ တို့၏ဘုရားသခင်နှင့်အရှင်သခင်ယေရှု ခရစ်၏ကျေးဇူးတော်အားဖြင့်ဤသို့ ဖြစ်ပါစေသော။