10. (သြဖိရမြို့မှရွှေကိုယူဆောင်လာသော ဟိရံမင်းနှင့်ရှောလမုန်မင်း၏လူတို့သည် ထင်းရှူးသားနှင့်ကျောက်မျက်ရတနာများ ကိုလည်းယူဆောင်လာကြ၏။-
11. ရှောလမုန်သည်ထင်းရှူးသားကိုဗိမာန်တော်နှင့် မိမိ၏နန်းတော်လှေကားများပြုလုပ်ရာတွင် လည်းကောင်း၊ ဂီတဆရာများအတွက်စောင်း ကြီးစောင်းငယ်များပြုလုပ်ရာတွင်လည်း ကောင်းအသုံးပြုတော်မူ၏။ ထိုမျှကောင်း သောထင်းရှူးသားမျိုးကို ယခင်အဘယ်အခါ ကမျှယုဒပြည်တွင်မတွေ့မမြင်ဘူးကြ။)
12. ရှောလမုန်မင်းသည်ဘုရင်မထံမှရရှိသည့် လက်ဆောင်များအတွက် မိမိပြန်လည်ပေးသည့် လက်ဆောင်များအပြင်ဘုရင်မအလိုရှိ သမျှသောအရာများကိုပေးတော်မူ၏။ ထို နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။