3. ရှေဘပြည်ဘုရင်မသည်ရှောလမုန်ထံမှ ဉာဏ်ပညာနှင့်ယှဉ်သောစကားများကိုကြား ၍ သူဆောက်လုပ်ထားသည့်နန်းတော်ကိုမြင် တော်မူ၏။-
4. ဘုရင်မသည်မင်းကြီးပွဲတော်တည်သော အစားအစာများ၊ မှူးမတ်တို့၏နေအိမ် များ၊ နန်းတော်အမှုထမ်းအရာထမ်းများ အားဖွဲ့စည်းပုံနှင့်သူတို့ဝတ်ဆင်ကြသည့် ဆင်တူဝတ်စုံများ၊ ပွဲလမ်းသဘင်အခါတွင် မင်းကြီးအားခစားရသူအစေခံများနှင့် သူတို့၏ဝတ်စုံများ၊ ဗိမာန်တော်တွင်မင်း ကြီးပူဇော်သည့်ယဇ်များကိုတွေ့မြင်သော အခါလွန်စွာအံ့သြလေသည်။
5. ဘုရင်မကမင်းကြီးအား``အကျွန်ုပ်သည် ကျွန်ုပ်၏တိုင်းပြည်တွင်ရှိစဉ်အခါကအဆွေ တော်နှင့်အဆွေတော်၏ဉာဏ်ပညာအကြောင်း ကိုကြားသိခဲ့ရသည့်သတင်းသည်မှန်ပါ သည်တကား။-
6. ကိုယ်တိုင်မျက်မြင်ဒိဌမတွေ့မမြင်ရမီ အခါကထိုသတင်းကိုကျွန်ုပ်မယုံပါ။ အဆွေ တော်သည်လူတို့ပြောဆိုနေကြသည်ထက်ပင် ပို၍ဉာဏ်ပညာရှိတော်မူပါ၏။-
7. အဆွေတော်၏အပါးတော်တွင်အစဉ်ခစား လျက် အဆွေတော်ထံမှဉာဏ်ပညာနှင့်ယှဉ် သောစကားများကိုကြားရသူတို့သည် အလွန်မင်္ဂလာရှိကြပါသည်တကား။-
8. အဆွေတော်၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြပါစေသတည်း။ ကိုယ် တော်သည်အဆွေတော်ကိုလွန်စွာနှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ မိမိ၏ကိုယ်စား အုပ်စိုးနိုင်ရန်ဣသရေလဘုရင်အဖြစ်ချီး မြှောက်တော်မူပြီ။ ကိုယ်တော်သည်မိမိလူမျိုး တော်ဣသရေလအမျိုးသားတို့အားချစ် တော်မူ၍ထာဝစဉ်စောင့်ရှောက်တော်မူလို သဖြင့်တရားဥပဒေစိုးမိုးမှုနှင့်တရား မျှတမှုရှိနိုင်စေရန်အဆွေတော်အား သူတို့၏ဘုရင်အဖြစ်ဖြင့်ချီးမြှောက် တော်မူပြီ'' ဟုပြော၏။
9. ဘုရင်မသည်ရှောလမုန်မင်းအားရွှေချိန် ငါးတန်၊ နံ့သာမျိုးနှင့်ကျောက်မျက်ရတနာ အမြောက်အမြားကိုလက်ဆောင်အဖြစ်ပေး ဆက်တော်မူ၏။ ရှောလမုန်မင်းအားရှေဘ ပြည်ဘုရင်မပေးဆက်သည့်နံ့သာမျိုး ကဲ့သို့ကောင်းသည့်နံ့သာမျိုးကိုနောင် အဘယ်အခါ၌မျှမတွေ့ရတော့ချေ။
10. (သြဖိရမြို့မှရွှေကိုယူဆောင်လာသော ဟိရံမင်းနှင့်ရှောလမုန်မင်း၏လူတို့သည် ထင်းရှူးသားနှင့်ကျောက်မျက်ရတနာများ ကိုလည်းယူဆောင်လာကြ၏။-