24. ထိုသူအသီးသီးတို့သည်ရွှေထည်၊ ငွေထည်၊ အဝတ်ထည်၊ လက်နက်၊ နံ့သာမျိုး၊ မြင်းနှင့် လားတို့ကိုလက်ဆောင်အဖြစ်ဖြင့်ရှောလမုန် ထံနှစ်စဉ်ဆက်သကြလေသည်။
25. ရှောလမုန်မင်းတွင်စစ်ရထားများနှင့်မြင်းများ အတွက်မြင်းစောင်းလေးထောင်ရှိ၍တိုက်မြင်း တစ်သောင်းနှစ်ထောင်လည်းရှိလေသည်။ ထိုမြင်း အချို့တို့ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့တို့ကိုအခြားမြို့များ၌လည်းကောင်း ထားရှိတော်မူ၏။-
26. ရှောလမုန်သည်ဥဖရတ်မြစ်မှသည်ဖိလိတ္တိ ပြည်နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် အရပ် ရပ်ရှိဘုရင်တို့ကိုအုပ်စိုးရ၏။-
27. သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။-