22. ရှောလမုန်မင်းသည်ကမ္ဘာပေါ်ရှိဘုရင်တကာ တို့ထက်ချမ်းသာကြွယ်ဝ၍ဉာဏ်ပညာရှိ တော်မူ၏။-
23. သူတို့သည်ရှောလမုန်အားထာဝရဘုရား ပေးတော်မူသောဉာဏ်ပညာတော်နှင့် ယှဉ် သည့်စကားများကြားနာရန်သူ့ထံသို့ လာရောက်ကြ၏။-
24. ထိုသူအသီးသီးတို့သည်ရွှေထည်၊ ငွေထည်၊ အဝတ်ထည်၊ လက်နက်၊ နံ့သာမျိုး၊ မြင်းနှင့် လားတို့ကိုလက်ဆောင်အဖြစ်ဖြင့်ရှောလမုန် ထံနှစ်စဉ်ဆက်သကြလေသည်။
25. ရှောလမုန်မင်းတွင်စစ်ရထားများနှင့်မြင်းများ အတွက်မြင်းစောင်းလေးထောင်ရှိ၍တိုက်မြင်း တစ်သောင်းနှစ်ထောင်လည်းရှိလေသည်။ ထိုမြင်း အချို့တို့ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့တို့ကိုအခြားမြို့များ၌လည်းကောင်း ထားရှိတော်မူ၏။-
26. ရှောလမုန်သည်ဥဖရတ်မြစ်မှသည်ဖိလိတ္တိ ပြည်နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် အရပ် ရပ်ရှိဘုရင်တို့ကိုအုပ်စိုးရ၏။-
27. သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။-
28. ရှောလမုန်သည်မြင်းများကိုမုသရိ ခေါ်အီဂျစ်နှင့်အခြားတိုင်းပြည်များမှ တင်သွင်းခဲ့သည်။
29. ကြွင်းကျန်သောရှောလမုန်၏အကြောင်းကို အစမှအဆုံးတိုင်အောင်ပရောဖက်နာသန် ၏ကျမ်း၊ ရှိလောမြို့သားအဟိယ၏ပရောဖက် ကျမ်း၊ ဣသရေလဘုရင်ယေရောဗောင်၏နန်း ဆက်အကြောင်းကိုလည်းဖော်ပြပါရှိသည့် ပရောဖက်ဣဒ္ဒေါ၏ဗျာဒိတ်ရူပါရုံကျမ်းများ တွင်မှတ်တမ်းတင်ထားသတည်း။-
30. ရှောလမုန်သည်ယေရုရှလင်မြို့တွင်နန်းစံ တော်မူ၍ဣသရေလတစ်နိုင်ငံလုံးကို အနှစ်လေးဆယ်အုပ်စိုးတော်မူ၏။-
31. သူကွယ်လွန်သောအခါသားတော်ရောဗောင် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။