16. ရှစ်ပေါင်နီးပါးစီရှိသည့်ရွှေပြားများဖြင့် မွမ်းမံထားသောဒိုင်းငယ်သုံးရာကိုပြုလုပ် တော်မူသည်။ သူသည်ထိုဒိုင်းအားလုံးကို လေဗနုန်တောခန်းမဆောင်တွင်ထားရှိ စေ၏။
17. မင်းကြီးသည်တစ်ပိုင်းကိုဆင်စွယ်ဖြင့်လည်း ကောင်း၊ ကျန်တစ်ပိုင်းကိုရွှေစင်ဖြင့်လည်း ကောင်းမွမ်းမံထားသောရာဇပလ္လင်ကြီး ကိုပြုလုပ်စေတော်မူ၏။-
18. ထိုရာဇပလ္လင်သို့တတ်ရန်လှေကားခြောက် ထစ်ရှိလေသည်။ ရာဇပလ္လင်နှင့်တစ်စပ်တည်း ရွှေဖြင့်မွမ်းမံထားသောခြေတော်တင်ခုံရှိ၏။ ရာဇပလ္လင်၏တစ်ဖက်တစ်ချက်တွင်လက်ရုံး တန်းတစ်ခုစီရှိ၍ယင်းတို့၏နံဘေးတွင် ရပ်လျက်နေသောခြင်္သေ့ရုပ်တစ်ကောင်စီ ရှိ၏။-
19. လှေကားထစ်များ၏အစွန်းတစ်ဖက်တစ်ချက် စီတွင်ခြင်္သေ့ရုပ်တစ်ကောင်စီဖြင့်ခြင်္သေ့ရုပ်တစ် ဆယ့်နှစ်ကောင်ရှိလေသည်။ အခြားအဘယ် တိုင်းပြည်တွင်မျှဤကဲ့သို့သောရာဇပလ္လင် မျိုးမရှိခဲ့ဘူးချေ။
20. ရှောလမုန်မင်း၏သောက်တော်ရေဖလားမှန် သမျှသည်ရွှေဖြင့်ပြီး၍ လေဗနုန်တောခန်း မဆောင်တွင်ရှိသမျှသောခွက်ယောက်အသုံး အဆောင်များသည်လည်းရွှေစင်ဖြင့်ပြီး သတည်း။ ရှောလမုန်၏ခေတ်၌ငွေကိုတန် ဖိုးမထားကြ။-
21. မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-
22. ရှောလမုန်မင်းသည်ကမ္ဘာပေါ်ရှိဘုရင်တကာ တို့ထက်ချမ်းသာကြွယ်ဝ၍ဉာဏ်ပညာရှိ တော်မူ၏။-
23. သူတို့သည်ရှောလမုန်အားထာဝရဘုရား ပေးတော်မူသောဉာဏ်ပညာတော်နှင့် ယှဉ် သည့်စကားများကြားနာရန်သူ့ထံသို့ လာရောက်ကြ၏။-
24. ထိုသူအသီးသီးတို့သည်ရွှေထည်၊ ငွေထည်၊ အဝတ်ထည်၊ လက်နက်၊ နံ့သာမျိုး၊ မြင်းနှင့် လားတို့ကိုလက်ဆောင်အဖြစ်ဖြင့်ရှောလမုန် ထံနှစ်စဉ်ဆက်သကြလေသည်။
25. ရှောလမုန်မင်းတွင်စစ်ရထားများနှင့်မြင်းများ အတွက်မြင်းစောင်းလေးထောင်ရှိ၍တိုက်မြင်း တစ်သောင်းနှစ်ထောင်လည်းရှိလေသည်။ ထိုမြင်း အချို့တို့ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့တို့ကိုအခြားမြို့များ၌လည်းကောင်း ထားရှိတော်မူ၏။-
26. ရှောလမုန်သည်ဥဖရတ်မြစ်မှသည်ဖိလိတ္တိ ပြည်နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် အရပ် ရပ်ရှိဘုရင်တို့ကိုအုပ်စိုးရ၏။-
27. သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။-
28. ရှောလမုန်သည်မြင်းများကိုမုသရိ ခေါ်အီဂျစ်နှင့်အခြားတိုင်းပြည်များမှ တင်သွင်းခဲ့သည်။