၂ ရာ​ချုပ် 9:11-29 Common Language Bible (BCL)

11. ရှော​လ​မုန်​သည်​ထင်း​ရှူး​သား​ကို​ဗိ​မာန်​တော်​နှင့် မိ​မိ​၏​နန်း​တော်​လှေ​ကား​များ​ပြု​လုပ်​ရာ​တွင် လည်း​ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း ကြီး​စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း​အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း သော​ထင်း​ရှူး​သား​မျိုး​ကို ယ​ခင်​အ​ဘယ်​အ​ခါ က​မျှ​ယု​ဒ​ပြည်​တွင်​မ​တွေ့​မ​မြင်​ဘူး​ကြ။)

12. ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​မ​ထံ​မှ​ရ​ရှိ​သည့် လက်​ဆောင်​များ​အ​တွက် မိ​မိ​ပြန်​လည်​ပေး​သည့် လက်​ဆောင်​များ​အ​ပြင်​ဘု​ရင်​မ​အ​လို​ရှိ သ​မျှ​သော​အ​ရာ​များ​ကို​ပေး​တော်​မူ​၏။ ထို နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။

13-14. ကုန်​သည်​တို့​ပေး​သွင်း​သည့်​အ​ခွန်​တော်​များ အပြင်​နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​မင်း​ထံ​ဆက် သွင်း​ရ​သော​ရွှေ​ချိန်​မှာ​နှစ်​ဆယ့်​ငါး​တန်​ကျော် ကျော်​ဖြစ်​၏။ အာ​ရပ်​ဘု​ရင်​များ​နှင့်​ဣသ​ရေ​လ နယ်​မြေ​ဘု​ရင်​ခံ​များ​က​လည်း​မင်း​ကြီး​ထံ ရွှေ၊ နှင့်​ငွေ​များ​ကို​ဆက်​သွင်း​ရ​ကြ​သည်။-

15. ရှော​လ​မုန်​သည်​တစ်​ဆယ့်​ငါး​ပေါင်​နီး​ပါး စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့်​မွမ်း​မံ​ထား​သည့် ဒိုင်း​ကြီး​နှစ်​ရာ၊-

16. ရှစ်​ပေါင်​နီး​ပါး​စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့် မွမ်း​မံ​ထား​သော​ဒိုင်း​ငယ်​သုံး​ရာ​ကို​ပြု​လုပ် တော်​မူ​သည်။ သူ​သည်​ထို​ဒိုင်း​အား​လုံး​ကို လေ​ဗ​နုန်​တော​ခန်း​မ​ဆောင်​တွင်​ထား​ရှိ စေ​၏။

17. မင်း​ကြီး​သည်​တစ်​ပိုင်း​ကို​ဆင်​စွယ်​ဖြင့်​လည်း ကောင်း၊ ကျန်​တစ်​ပိုင်း​ကို​ရွှေ​စင်​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​သော​ရာ​ဇ​ပလ္လင်​ကြီး ကို​ပြု​လုပ်​စေ​တော်​မူ​၏။-

18. ထို​ရာ​ဇ​ပလ္လင်​သို့​တတ်​ရန်​လှေ​ကား​ခြောက် ထစ်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​နှင့်​တစ်​စပ်​တည်း ရွှေ​ဖြင့်​မွမ်း​မံ​ထား​သော​ခြေ​တော်​တင်​ခုံ​ရှိ​၏။ ရာ​ဇ​ပလ္လင်​၏​တစ်​ဖက်​တစ်​ချက်​တွင်​လက်​ရုံး တန်း​တစ်​ခု​စီ​ရှိ​၍​ယင်း​တို့​၏​နံ​ဘေး​တွင် ရပ်​လျက်​နေ​သော​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ ရှိ​၏။-

19. လှေ​ကား​ထစ်​များ​၏​အ​စွန်း​တစ်​ဖက်​တစ်​ချက် စီ​တွင်​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ​ဖြင့်​ခြင်္သေ့​ရုပ်​တစ် ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ် တိုင်း​ပြည်​တွင်​မျှ​ဤ​ကဲ့​သို့​သော​ရာ​ဇ​ပလ္လင် မျိုး​မ​ရှိ​ခဲ့​ဘူး​ချေ။

20. ရှော​လ​မုန်​မင်း​၏​သောက်​တော်​ရေ​ဖ​လား​မှန် သ​မျှ​သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခန်း မ​ဆောင်​တွင်​ရှိ​သ​မျှ​သော​ခွက်​ယောက်​အ​သုံး အ​ဆောင်​များ​သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး သ​တည်း။ ရှော​လ​မုန်​၏​ခေတ်​၌​ငွေ​ကို​တန် ဖိုး​မ​ထား​ကြ။-

21. မင်း​ကြီး​၌​ဟိရံ​မင်း​၏​သင်္ဘော​စု​နှင့်​အ​တူ​ပင် လယ်​သွား​သင်္ဘော​များ​ရှိ​၏။ သူ​၏​သင်္ဘော​တို့ သည် ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ​ကို တင်​ဆောင်​၍​သုံး​နှစ်​တစ်​ကြိမ်​ပြန်​လည်​ရောက် ရှိ​လေ​သည်။-

22. ရှော​လ​မုန်​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​တ​ကာ တို့​ထက်​ချမ်း​သာ​ကြွယ်​ဝ​၍​ဉာဏ်​ပ​ညာ​ရှိ တော်​မူ​၏။-

23. သူ​တို့​သည်​ရှော​လ​မုန်​အား​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ​တော်​နှင့် ယှဉ် သည့်​စ​ကား​များ​ကြား​နာ​ရန်​သူ့​ထံ​သို့ လာ​ရောက်​ကြ​၏။-

24. ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။

25. ရှော​လ​မုန်​မင်း​တွင်​စစ်​ရ​ထား​များ​နှင့်​မြင်း​များ အ​တွက်​မြင်း​စောင်း​လေး​ထောင်​ရှိ​၍​တိုက်​မြင်း တစ်​သောင်း​နှစ်​ထောင်​လည်း​ရှိ​လေ​သည်။ ထို​မြင်း အ​ချို့​တို့​ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း ထား​ရှိ​တော်​မူ​၏။-

26. ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​သည်​ဖိ​လိတ္တိ ပြည်​နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် အ​ရပ် ရပ်​ရှိ​ဘု​ရင်​တို့​ကို​အုပ်​စိုး​ရ​၏။-

27. သူ​၏​လက်​တော်​၌​ယေရု​ရှ​လင်​မြို့​တွင်​ငွေ​သည် ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ သစ်​က​တိုး​သား သည်​ယု​ဒ​တောင်​ခြေ​တွင်​အ​လေ့​ကျ​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း​ပေါ​များ လေ​သည်။-

28. ရှော​လ​မုန်​သည်​မြင်း​များ​ကို​မု​သ​ရိ ခေါ်​အီ​ဂျစ်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ တင်​သွင်း​ခဲ့​သည်။

29. ကြွင်း​ကျန်​သော​ရှော​လ​မုန်​၏​အ​ကြောင်း​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင်​ပ​ရော​ဖက်​နာ​သန် ၏​ကျမ်း၊ ရှိလော​မြို့​သား​အ​ဟိ​ယ​၏​ပ​ရော​ဖက် ကျမ်း၊ ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​၏​နန်း ဆက်​အ​ကြောင်း​ကို​လည်း​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​ဣဒ္ဒေါ​၏​ဗျာ​ဒိတ်​ရူပါ​ရုံ​ကျမ်း​များ တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-

၂ ရာ​ချုပ် 9