1. ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-
2. မင်းကြီးသည်တစ်ခုမကျန်ဖြေကြားတော်မူ သည်။ မင်းကြီးမဖြေရှင်းနိုင်သောပုစ္ဆာဟူ၍ မရှိ။-
3. ရှေဘပြည်ဘုရင်မသည်ရှောလမုန်ထံမှ ဉာဏ်ပညာနှင့်ယှဉ်သောစကားများကိုကြား ၍ သူဆောက်လုပ်ထားသည့်နန်းတော်ကိုမြင် တော်မူ၏။-
4. ဘုရင်မသည်မင်းကြီးပွဲတော်တည်သော အစားအစာများ၊ မှူးမတ်တို့၏နေအိမ် များ၊ နန်းတော်အမှုထမ်းအရာထမ်းများ အားဖွဲ့စည်းပုံနှင့်သူတို့ဝတ်ဆင်ကြသည့် ဆင်တူဝတ်စုံများ၊ ပွဲလမ်းသဘင်အခါတွင် မင်းကြီးအားခစားရသူအစေခံများနှင့် သူတို့၏ဝတ်စုံများ၊ ဗိမာန်တော်တွင်မင်း ကြီးပူဇော်သည့်ယဇ်များကိုတွေ့မြင်သော အခါလွန်စွာအံ့သြလေသည်။
5. ဘုရင်မကမင်းကြီးအား``အကျွန်ုပ်သည် ကျွန်ုပ်၏တိုင်းပြည်တွင်ရှိစဉ်အခါကအဆွေ တော်နှင့်အဆွေတော်၏ဉာဏ်ပညာအကြောင်း ကိုကြားသိခဲ့ရသည့်သတင်းသည်မှန်ပါ သည်တကား။-
6. ကိုယ်တိုင်မျက်မြင်ဒိဌမတွေ့မမြင်ရမီ အခါကထိုသတင်းကိုကျွန်ုပ်မယုံပါ။ အဆွေ တော်သည်လူတို့ပြောဆိုနေကြသည်ထက်ပင် ပို၍ဉာဏ်ပညာရှိတော်မူပါ၏။-
7. အဆွေတော်၏အပါးတော်တွင်အစဉ်ခစား လျက် အဆွေတော်ထံမှဉာဏ်ပညာနှင့်ယှဉ် သောစကားများကိုကြားရသူတို့သည် အလွန်မင်္ဂလာရှိကြပါသည်တကား။-
8. အဆွေတော်၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြပါစေသတည်း။ ကိုယ် တော်သည်အဆွေတော်ကိုလွန်စွာနှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ မိမိ၏ကိုယ်စား အုပ်စိုးနိုင်ရန်ဣသရေလဘုရင်အဖြစ်ချီး မြှောက်တော်မူပြီ။ ကိုယ်တော်သည်မိမိလူမျိုး တော်ဣသရေလအမျိုးသားတို့အားချစ် တော်မူ၍ထာဝစဉ်စောင့်ရှောက်တော်မူလို သဖြင့်တရားဥပဒေစိုးမိုးမှုနှင့်တရား မျှတမှုရှိနိုင်စေရန်အဆွေတော်အား သူတို့၏ဘုရင်အဖြစ်ဖြင့်ချီးမြှောက် တော်မူပြီ'' ဟုပြော၏။
13-14. ကုန်သည်တို့ပေးသွင်းသည့်အခွန်တော်များ အပြင်နှစ်စဉ်နှစ်တိုင်းရှောလမုန်မင်းထံဆက် သွင်းရသောရွှေချိန်မှာနှစ်ဆယ့်ငါးတန်ကျော် ကျော်ဖြစ်၏။ အာရပ်ဘုရင်များနှင့်ဣသရေလ နယ်မြေဘုရင်ခံများကလည်းမင်းကြီးထံ ရွှေ၊ နှင့်ငွေများကိုဆက်သွင်းရကြသည်။-