ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲကျန်ကြွင်းခဲ့သည့်ခါနာန်ပြည်သားများ မှဆင်းသက်လာသူတို့ကို မိမိ၏ချွေးတပ် အတွက်အသုံးပြုတော်မူ၏။ ထိုသူတို့အထဲ တွင်အာမောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထို သူတို့၏သားမြေးများသည်ယနေ့တိုင် အောင်ဆက်လက်၍ကျွန်ခံနေရကြသတည်း။-