6. ဗာလတ်မြို့၊ ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းနှင့် စစ်ရထားစခန်းမြို့များဖြစ်လေသည်။ ယေရု ရှလင်မြို့၊ လေဗနုန်တောင်၊ နိုင်ငံတော်အရပ် ရပ်တွင် မိမိတည်ဆောက်လိုသမျှကိုတည် ဆောက်၏။-
9. မင်းကြီးသည်အဘယ်ဣသရေလအမျိုးသား ကိုမျှချွေးတပ်တွင်အသုံးပြုတော်မမူ။ သူ တို့သည်စစ်သူရဲများ၊ တပ်မှူးများ၊ စစ်ရထား မှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့် အမှုထမ်းရကြလေသည်။-
10. ရှောလမုန်မင်း၏ဆောက်လုပ်ရေးစီမံကိန်းများ တွင်လုပ်ကိုင်လျက်ရှိသောချွေးတပ်များကို ကြီးကြပ်အုပ်ချုပ်သူနှစ်ရာ့ငါးဆယ်ရှိသတည်း။
11. ရှောလမုန်သည်မိမိ၏မိဖုရားဖြစ်သူအီဂျစ် ဘုရင်၏သမီးတော်ကိုဒါဝိဒ်မြို့တော်မှသူ ၏အတွက်ဆောက်လုပ်ထားသောစံနန်းသို့ခေါ် ဆောင်လာတော်မူ၏။ မင်းကြီးက``ပဋိညာဉ်သေတ္တာ တော်ကိန်းဝပ်ဖူးရာအရပ်သည်သန့်ရှင်းမြင့် မြတ်သည်ဖြစ်၍ ထိုအမျိုးသမီးသည်ဣသ ရေလဘုရင်ဒါဝိဒ်၏နန်းတော်တွင်နေထိုင် ရန်မသင့်'' ဟုမိန့်တော်မူ၏။
12. ရှောလမုန်သည်ဗိမာန်တော်ရှေ့တွင် မိမိတည် ဆောက်ထားသည့်ယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်တော်မူ၏။-
13. သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။-