၂ ရာ​ချုပ် 8:3-12 Common Language Bible (BCL)

3. ဟာ​မတ်​နှင့်​ဇော​ဘ​နယ်​များ​ကို​လည်း​တိုက် ခိုက်​သိမ်း​ယူ​ပြီး​လျှင်၊-

4. သဲ​ကန္တာ​ရ​တွင်​ရှိ​သော​တာ​ဒ​မော်​မြို့​ကို​တံ တိုင်း​ကာ​တော်​မူ​၏။ ဟာ​မတ်​နယ်​ရှိ​ရိက္ခာ​သို လှောင်​ရာ​မြို့​အ​ပေါင်း​ကို​လည်း​ပြန်​လည် တည်​ထောင်​တော်​မူ​၏။-

5. ရှော​လ​မုန်​သည်​အောက်​ပါ​မြို့​များ​ကို​ပြန်​လည် တည်​ဆောက်​တော်​မူ​၏။ (တံ​ခါး​ကန့်​လန့်​ကျင် များ​နှင့်​တ​ကွ​တံ​တိုင်း​ကာ​ရံ​ထား​သော) အ​ထက်​ဗေသော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန်​မြို့၊-

6. ဗာ​လတ်​မြို့၊ ရိက္ခာ​သို​လှောင်​ရာ​မြို့​များ၊ မြင်း​နှင့် စစ်​ရ​ထား​စ​ခန်း​မြို့​များ​ဖြစ်​လေ​သည်။ ယေ​ရု ရှ​လင်​မြို့၊ လေ​ဗ​နုန်​တောင်၊ နိုင်​ငံ​တော်​အ​ရပ် ရပ်​တွင် မိ​မိ​တည်​ဆောက်​လို​သ​မျှ​ကို​တည် ဆောက်​၏။-

9. မင်း​ကြီး​သည်​အ​ဘယ်​ဣသ​ရေ​လ​အ​မျိုး​သား ကို​မျှ​ချွေး​တပ်​တွင်​အ​သုံး​ပြု​တော်​မ​မူ။ သူ တို့​သည်​စစ်​သူ​ရဲ​များ၊ တပ်​မှူး​များ၊ စစ်​ရ​ထား မှူး​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​အ​ဖြစ်​ဖြင့် အ​မှု​ထမ်း​ရ​ကြ​လေ​သည်။-

10. ရှော​လ​မုန်​မင်း​၏​ဆောက်​လုပ်​ရေး​စီ​မံ​ကိန်း​များ တွင်​လုပ်​ကိုင်​လျက်​ရှိ​သော​ချွေး​တပ်​များ​ကို ကြီး​ကြပ်​အုပ်​ချုပ်​သူ​နှစ်​ရာ့​ငါး​ဆယ်​ရှိ​သ​တည်း။

11. ရှော​လ​မုန်​သည်​မိ​မိ​၏​မိ​ဖု​ရား​ဖြစ်​သူ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို​ဒါ​ဝိဒ်​မြို့​တော်​မှ​သူ ၏​အ​တွက်​ဆောက်​လုပ်​ထား​သော​စံ​နန်း​သို့​ခေါ် ဆောင်​လာ​တော်​မူ​၏။ မင်း​ကြီး​က``ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကိန်း​ဝပ်​ဖူး​ရာ​အ​ရပ်​သည်​သန့်​ရှင်း​မြင့် မြတ်​သည်​ဖြစ်​၍ ထို​အ​မျိုး​သ​မီး​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဒါ​ဝိဒ်​၏​နန်း​တော်​တွင်​နေ​ထိုင် ရန်​မ​သင့်'' ဟု​မိန့်​တော်​မူ​၏။

12. ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​ရှေ့​တွင် မိ​မိ​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​တွင်​ယဇ်​များ​ကို ပူဇော်​တော်​မူ​၏။-

၂ ရာ​ချုပ် 8