၂ ရာ​ချုပ် 8:17-18 Common Language Bible (BCL)

17. ထို​နောက်​ရှော​လ​မုန်​သည်​ဧ​ဒုံ​ပြည်၊ အာ​ကွ​ဗာ ပင်​လယ်​ကွေ့​ပေါ်​ရှိ​သင်္ဘော​ဆိပ်​မြို့​များ​ဖြစ် သော​ဧဇယုန်​ဂါ​ဗာ​မြို့​နှင့်​ဧ​လုတ်​မြို့​သို့​ကြွ တော်​မူ​၏။-

18. သူ​၏​ထံ​သို့​ဟိ​ရံ​မင်း​သည်​မိ​မိ​၏​ပင်​လယ် သွား​ကျွမ်း​ကျင်​သူ​များ​နှင့်​အ​လုပ်​ရည်​ဝ သူ​သင်္ဘော​သား​များ​လိုက်​ပါ​သည့်​သင်္ဘော များ​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​တို့​သည် ရှော​လ​မုန်​၏​ပင်​လယ်​သွား​ကျွမ်း​ကျင်​သူ များ​နှင့်​အ​တူ​သြ​ဖိ​ရ​မြို့​သို့​သင်္ဘော​လွှင့် ကြ​ပြီး​လျှင်​ရွှေ​တစ်​ဆယ့်​ခြောက်​တန်​နီး ပါး​ကို​ရှော​လ​မုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ ၏။

၂ ရာ​ချုပ် 8