14. ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-
15. ပစ္စည်းသိုလှောင်ရုံများ၊ အခြားအမှုကိစ္စ များနှင့်ပတ်သက်၍ဒါဝိဒ်ပေးခဲ့သည့်ညွှန် ကြားချက်များကိုလည်းအသေးစိတ် လိုက်နာဆောင်ရွက်တော်မူ၏။
16. ယခုအခါ၌ရှောလမုန်၏စီမံကိန်းရှိသမျှ ကိုလက်စသတ်လိုက်လေပြီ။ ထာဝရဘုရား၏ ဗိမာန်တော်ကိုအုတ်မြစ်ချချိန်မှတည်ဆောက် မှုလက်စသတ်ချိန်အထိ ဆောင်ရွက်စရာရှိ သမျှသောအလုပ်တို့သည်အောင်မြင်စွာ ပြီးစီးသွားလေပြီ။
17. ထိုနောက်ရှောလမုန်သည်ဧဒုံပြည်၊ အာကွဗာ ပင်လယ်ကွေ့ပေါ်ရှိသင်္ဘောဆိပ်မြို့များဖြစ် သောဧဇယုန်ဂါဗာမြို့နှင့်ဧလုတ်မြို့သို့ကြွ တော်မူ၏။-
18. သူ၏ထံသို့ဟိရံမင်းသည်မိမိ၏ပင်လယ် သွားကျွမ်းကျင်သူများနှင့်အလုပ်ရည်ဝ သူသင်္ဘောသားများလိုက်ပါသည့်သင်္ဘော များကိုစေလွှတ်တော်မူ၏။ ထိုသူတို့သည် ရှောလမုန်၏ပင်လယ်သွားကျွမ်းကျင်သူ များနှင့်အတူသြဖိရမြို့သို့သင်္ဘောလွှင့် ကြပြီးလျှင်ရွှေတစ်ဆယ့်ခြောက်တန်နီး ပါးကိုရှောလမုန်ထံသို့ယူဆောင်ခဲ့ကြ ၏။