1. ရှောလမုန်သည်ဗိမာန်တော်နှင့် မိမိ၏နန်း တော်ကိုအနှစ်နှစ်ဆယ်တိုင်တိုင်တည်ဆောက် ရလေသည်။-
2. သူသည်မိမိအားဟိရံမင်းပြန်၍ပေးအပ် သည့်မြို့များကိုလည်းပြန်လည်တည်ထောင် ကာ ထိုမြို့တို့တွင်အခြေစိုက်နေထိုင်ရန် ဣသရေလအမျိုးသားတို့ကိုပို့တော်မူ၏။-
3. ဟာမတ်နှင့်ဇောဘနယ်များကိုလည်းတိုက် ခိုက်သိမ်းယူပြီးလျှင်၊-
4. သဲကန္တာရတွင်ရှိသောတာဒမော်မြို့ကိုတံ တိုင်းကာတော်မူ၏။ ဟာမတ်နယ်ရှိရိက္ခာသို လှောင်ရာမြို့အပေါင်းကိုလည်းပြန်လည် တည်ထောင်တော်မူ၏။-
5. ရှောလမုန်သည်အောက်ပါမြို့များကိုပြန်လည် တည်ဆောက်တော်မူ၏။ (တံခါးကန့်လန့်ကျင် များနှင့်တကွတံတိုင်းကာရံထားသော) အထက်ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊-
6. ဗာလတ်မြို့၊ ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းနှင့် စစ်ရထားစခန်းမြို့များဖြစ်လေသည်။ ယေရု ရှလင်မြို့၊ လေဗနုန်တောင်၊ နိုင်ငံတော်အရပ် ရပ်တွင် မိမိတည်ဆောက်လိုသမျှကိုတည် ဆောက်၏။-