9. အဋ္ဌမနေ့၌ဋ္ဌမ္မအစည်းအဝေးကိုကျင်းပ ကြ၏။ ယဇ်ပလ္လင်ကိုအနုမောဒနာပြုသည် မှာခုနစ်ရက်၊ ပွဲတော်ကျင်းပသည်မှာလည်း ခုနစ်ရက်ဖြစ်၏။-
10. သတ္တမလနှစ်ဆယ့်သုံးရက်နေ့၌ရှောလမုန် သည်ပြည်သူတို့အား မိမိတို့နေရပ်သို့ပြန် စေတော်မူ၏။ ထာဝရဘုရားသည်မိမိ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းအားပြုတော် မူသောကျေးဇူးတော်ကြောင့်လူတို့သည် အားရဝမ်းမြောက်စွာပြန်ကြကုန်၏။
11. ရှောလမုန်သည်ဗိမာန်တော်နှင့် နန်းတော်တည် ဆောက်မှုကိုမိမိ၏စီမံချက်နှင့်အညီထ မြောက်၍အပြီးသတ်သောအခါ၊-
12. ထာဝရဘုရားသည်ညဥ့်အခါရှောလမုန်ထံ သို့ကြွလာတော်မူ၍``သင်၏ဆုတောင်းပတ္ထနာ ကိုငါကြားပြီ။ သို့ဖြစ်၍ဤဗိမာန်တော်ကို ငါ့အားယဇ်ပူဇော်ရာဌာနအဖြစ်ဖြင့်ငါ လက်ခံ၏။-
13. ငါသည်မိုးကိုခေါင်စေသည့်အခါ၌ဖြစ်စေ၊ ကောက်ပဲသီးနှံများကိုကိုက်ဖျက်ရန်ကျိုင်း ကောင်များကိုစေလွှတ်သည့်အခါ၌ဖြစ်စေ၊ ငါပိုင်ဆိုင်သူများဟုခေါ်ဆိုသမုတ်အပ် သည့်ငါ၏လူမျိုးတော်အားကာလနာ သင့်စေသောအခါ၌ဖြစ်စေ၊-
14. သူတို့သည်ငါ့ထံသို့ ဆုတောင်းပတ္ထနာပြု ကာနောင်တရ၍မိမိတို့၏ဒုစရိုက်လမ်း ကိုရှောင်ကြဉ်ကြလျှင် ငါသည်ကောင်းကင်ဘုံ မှသူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်း မည်။ သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ပြည်ကိုတစ်ဖန်ပြန်လည်ဝပြော သာယာလာစေမည်။-