2. သို့ဖြစ်၍ယဇ်ပုရောဟိတ်တို့သည်ထာဝရ ဘုရား၏ဗိမာန်တော်ထဲသို့မဝင်နိုင်ကြ။-
3. ဣသရေလအမျိုးသားတို့သည်မိုးကောင်းကင် မှမီးလျှံကျလာ၍ ဗိမာန်တော်သည်တောက်ပ သောဘုန်းအသရေတော်ဖြင့်ပြည့်လာသည် ကိုမြင်သောအခါကြမ်းပြင်ပေါ်တွင်ပျပ်ဝပ် ရှိခိုးလျက်``ကိုယ်တော်သည်ကောင်းမြတ်တော် မူ၍မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟု ထာဝရဘုရားအားထောမနာပြုကြ၏။-
4. ထိုနောက်ရှောလမုန်မင်းနှင့်ပြည်သူအပေါင်း တို့သည်ထာဝရဘုရားအားယဇ်များကို ပူဇော်ကြ၏။-
5. မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့် သိုးကောင်ရေတစ်သိန်းနှစ်သောင်းကိုမိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်ရာဗိမာန်တော်ကိုအနုမောဒနာ ပြုကြလေသည်။-
6. ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။
7. ရှောလမုန်သည်ဗိမာန်တော်ရှေ့၌ရှိသောအလယ် တံတိုင်းကိုဆက်ကပ်ပြီးနောက် ထိုနေရာ၌တစ် ကောင်လုံးမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်မှဆီဥတို့ကိုပူဇော်တော် မူ၏။ ဤသို့ပြုတော်မူရခြင်းမှာမင်းကြီး တည်ဆောက်ထားသည့်ကြေးဝါယဇ်ပလ္လင်သည် ထိုပူဇော်သကာအားလုံးတို့အတွက်အလွန် သေးငယ်သောကြောင့်ဖြစ်လေသည်။