7. ထိုနောက်ရှောလမုန်သည်ဆက်လက်၍``ငါ၏ ခမည်းတော်သည်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရားအား ကိုး ကွယ်ဝတ်ပြုရာဗိမာန်တော်ကိုတည်ဆောက် ရန်ကြံစည်ခဲ့သော်လည်း၊-
8. ထာဝရဘုရားကသူ့အား`ငါ့အဖို့ဗိမာန် တော်တည်ဆောက်ရန်သင်ဆန္ဒပြုသည်မှာ လျောက်ပတ်ပေသည်။-
9. သို့ရာတွင်သင်သည်ဗိမာန်ကိုတည်ဆောက်ရမည် မဟုတ်။ တည်ဆောက်မည့်သူမှာသင်၏ရင်သွေး ဖြစ်သောသင်၏သားတော်ပင်ဖြစ်၏' ဟုမိန့် တော်မူ၏။
10. ``ယခုအခါထာဝရဘုရားသည်ကတိတော် ကိုတည်စေတော်မူပြီ။ ငါသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်တည်ဆောက်ပြီးလေပြီ။-
11. ငါသည်ဣသရေလအမျိုးသားတို့နှင့်ထာဝရ ဘုရားပြုတော်မူသော ပဋိညာဉ်တော်ဆိုင်ရာ ကျောက်ပြားများပါရှိသည့်ပဋိညာဉ်သေတ္တာ တော်ကိုလည်းဗိမာန်တော်တွင်ထားရှိပြီး လေပြီ'' ဟုပြည်သူတို့အားမိန့်တော်မူ၏။
12. ထိုနောက်လူတို့၏မျက်မှောက်တွင်ရှောလမုန် သည်ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်တော်မူပြီး လျှင် လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုတော် မူ၏။-
13. (ရှောလမုန်သည်အလျားရှစ်ပေ၊ အနံရှစ်ပေ၊ အမြင့်ငါးပေရှိသောကြေးနီပလ္လင်စင်မြင့် ကိုတည်ဆောက်ပြီးတံတိုင်းအလယ်တွင်ထား တော်မူခဲ့၏။ မင်းကြီးသည်ထိုပလ္လင်စင်မြင့်ပေါ် သို့တက်၍လူအပေါင်းမြင်သာသည့်နေရာ တွင်ဒူးထောက်ကာလက်အုပ်ချီလျက်၊-)
14. ``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသော ဘုရားမိုးမြေ၌မရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည်စကားတော်ကိုတစ်သဝေမတိမ်း နာယူကျင့်သုံးကြသောအခါကိုယ်တော် သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ်တော် ကိုစောင့်ထိန်းတော်မူလျက်သူတို့အား မေတ္တာတော်ကိုပြတော်မူပါ၏။-
15. ကိုယ်တော်သည်အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ် အား ပေးခဲ့သည့်ကတိတော်ကိုတည်စေတော် မူပါပြီ။ ကိုယ်တော်မိန့်တော်မူခဲ့သမျှ အတိုင်းယနေ့အကောင်အထည်ပေါ်ပါပြီ။-