1. ရှောလမုန်က``အို ထာဝရဘုရား၊ကိုယ်တော်သည်စံတော်မူရန်အတွက်မိုးတိမ်နှင့်မှောင်မိုက်ကို ရွေးချယ်တော်မူပါပြီ။
2. ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊ကိုယ်တော်ထာဝစဉ်ကိန်းဝပ်တော်မူရာ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟုပတ္ထနာပြုတော်မူ၏။
3. ဣသရေလပြည်သူအပေါင်းတို့သည်ထိုနေရာ တွင်ရပ်လျက်နေကြ၏။ မင်းကြီးသည်သူတို့ ဘက်သို့မျက်နှာမူပြီးလျှင် သူတို့အားဘုရားသခင်ကောင်းချီးပေးရန်တောင်းလျှောက်တော် မူ၏။-