5. ဗိမာန်တော်သို့ပင့်ဆောင်ကြ၏။ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ကိုလည်း သက်ဆိုင်ရာပစ္စည်းတန်ဆာရှိသမျှတို့နှင့် တကွဗိမာန်တော်သို့ပြောင်းရွှေ့ကြ၏။-
6. ရှောလမုန်မင်းနှင့်ဣသရေလပြည်သူအပေါင်း တို့သည် ပဋိညာဉ်သေတ္တာတော်ရှေ့တွင်စုဝေး ၍မရေမတွက်နိုင်အောင်များသောသိုးနွား တို့ကိုယဇ်ပူဇော်ကြ၏။-
7. ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုဗိမာန်တော်ထဲသို့ပင့်ဆောင် လာပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ၌ခေရုဗိမ်များ၏အကြားတွင်ထားကြ၏။-
8. ခေရုဗိမ်တို့၏အတောင်များသည်သေတ္တာတော် နှင့်ထမ်းပိုးများကိုလွှမ်းမိုးထားလေသည်။-
9. ထမ်းပိုးအဖျားများကိုသန့်ရှင်းရာဌာနတော် အဝင်ဝတစ်နေရာမှတွေ့မြင်နိုင်သော်လည်း အခြားမည်သည့်နေရာကမျှမတွေ့မမြင် နိုင်။ ထိုထမ်းပိုးများသည်ယနေ့တိုင်အောင်ထို နေရာတွင်ရှိပေသေး၏။-