1. ရှောလမုန်မင်းသည်ဗိမာန်တော်တည်ဆောက် မှုလုပ်ငန်းရှိသမျှကိုဆောင်ရွက်ပြီးသောအခါ ထာဝရဘုရားအားခမည်းတော်ဒါဝိဒ်မင်း ဆက်ကပ်လှူဒါန်းခဲ့သောရွှေ၊ ငွေနှင့်အခြား ပစ္စည်းအသုံးအဆောင်များကိုဗိမာန်တော် သိုလှောင်ခန်းများတွင်ထားတော်မူ၏။
10. ပဋိညာဉ်သေတ္တာတော်အတွင်း၌ပညတ်တော် ကျောက်ပြားနှစ်ချပ်မှတစ်ပါးအခြားအဘယ် အရာမျှမရှိ။ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့ထွက်ခွာလာချိန်၌ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူစဉ်အခါက မောရှေ သည်ထိုကျောက်ပြားများကိုပဋိညာဉ်သေတ္တာ တော်တွင်ထားခဲ့သတည်း။
11-14. ယဇ်ပုရောဟိတ်အပေါင်းတို့သည်မည်သည့် အဖွဲ့တွင်ပါဝင်သည်မဆို မိမိတို့ကိုယ် ကိုဆက်ကပ်ပြီးဖြစ်ကြ၏။ လေဝိအနွယ် ဝင်ဂီတဆရာများဖြစ်ကြသောအာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့်သူတို့၏တပည့်အပေါင်း တို့သည်ပိတ်ချောထည်ကိုဝတ်ဆင်၍လင်း ကွင်းများ၊ စောင်းများကိုကိုင်လျက်တံပိုး ခရာမှုတ်သူယဇ်ပုရောဟိတ်ပေါင်းတစ်ရာ့ နှစ်ဆယ်တို့သည်သူတို့နှင့်အတူယဇ်ပလ္လင် ၏အရှေ့ဘက်တွင်ရပ်နေကြလေသည်။ သီ ဆိုသူတို့သည်တံပိုးခရာသံ၊ လင်းကွင်း သံနှင့်အခြားတူရိယာသံများနှင့်စည်း လိုက်ဝါးလိုက်ညီညာစွာထာဝရဘုရား အားသီဆိုထောမနာပြုကြကုန်၏။ သူတို့က``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ သည်ဖြစ်၍ကိုယ်တော်အားထောမနာပြု ကြလော့။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည် သတည်း'' ဟုသီဆိုကြလေသည်။ယဇ်ပုရောဟိတ်တို့သည်ဗိမာန်တော်မှထွက်လာ စဉ်ဗိမာန်တော်သည်ရုတ်တရက်မိုးတိမ်ဖြင့် ပြည့်လာပြီးလျှင် ထာဝရဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်သည်ဖြစ်၍သူတို့သည်ဝတ် ပြုကိုးကွယ်ခြင်းကိုဆက်လက်၍မပြုနိုင်ကြ ချေ။