၂ ရာ​ချုပ် 5:1-10 Common Language Bible (BCL)

1. ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​တည်​ဆောက် မှု​လုပ်​ငန်း​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သော​ရွှေ၊ ငွေ​နှင့်​အ​ခြား ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန်​တော် သို​လှောင်​ခန်း​များ​တွင်​ထား​တော်​မူ​၏။

2. ထို​နောက်​ရှော​လ​မုန်​မင်း​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို ဇိ​အုန်​မည်​သော​ဒါ​ဝိဒ်​မြို့​မှ​ပင့်​ဆောင် ရန်​အ​တွက် ဣသ​ရေ​လ​အ​နွယ်​များ​နှင့်​သား ချင်း​စု​ခေါင်း​ဆောင်​အ​ပေါင်း​တို့​ကို ယေ​ရု ရှ​လင်​မြို့​တွင်​စု​ရုံး​ရန်​ဆင့်​ခေါ်​တော်​မူ​၏။-

3. သူ​တို့​အား​လုံး​သည်​သစ်​ခက်​တဲ​နေ​ပွဲ​တော် အ​ခါ​၌​လာ​ရောက်​စု​ရုံး​ကြ​လေ​သည်။-

4. ခေါင်း​ဆောင်​အ​ပေါင်း​တို့​စု​ရုံး​မိ​ကြ​သော အ​ခါ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ချီ​ပင့်​၍-

5. ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ကို​လည်း သက်​ဆိုင်​ရာ​ပစ္စည်း​တန်​ဆာ​ရှိ​သ​မျှ​တို့​နှင့် တ​ကွ​ဗိ​မာန်​တော်​သို့​ပြောင်း​ရွှေ့​ကြ​၏။-

6. ရှော​လ​မုန်​မင်း​နှင့်​ဣသ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​စု​ဝေး ၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​သော​သိုး​နွား တို့​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-

7. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။-

8. ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​သေတ္တာ​တော် နှင့်​ထမ်း​ပိုး​များ​ကို​လွှမ်း​မိုး​ထား​လေ​သည်။-

9. ထမ်း​ပိုး​အ​ဖျား​များ​ကို​သန့်​ရှင်း​ရာ​ဌာ​န​တော် အ​ဝင်​ဝ​တစ်​နေ​ရာ​မှ​တွေ့​မြင်​နိုင်​သော်​လည်း အ​ခြား​မည်​သည့်​နေ​ရာ​က​မျှ​မ​တွေ့​မ​မြင် နိုင်။ ထို​ထမ်း​ပိုး​များ​သည်​ယ​နေ့​တိုင်​အောင်​ထို နေ​ရာ​တွင်​ရှိ​ပေ​သေး​၏။-

10. ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွင်း​၌​ပညတ်​တော် ကျောက်​ပြား​နှစ်​ချပ်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် အ​ရာ​မျှ​မ​ရှိ။ အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​ထွက်​ခွာ​လာ​ချိန်​၌ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​စဉ်​အ​ခါ​က မော​ရှေ သည်​ထို​ကျောက်​ပြား​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​တွင်​ထား​ခဲ့​သ​တည်း။

၂ ရာ​ချုပ် 5