18. ပြုလုပ်ရသောပစ္စည်းအရေအတွက်မှာများ ပြားလှသဖြင့် ကုန်ကျသည့်ကြေးဝါအလေး ချိန်ကိုအဘယ်သူမျှမသိချေ။
19. ရှောလမုန်မင်းသည်ဗိမာန်တော်အတွက် ရွှေ ဖြင့်ပြီးသောအသုံးအဆောင်များကိုပြု လုပ်စေတော်မူ၏။ ထိုအရာများမှာရွှေယဇ် ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲများ၊-
20. စီမံချက်အရအလွန်သန့်ရှင်းရာဌာန တော်ရှေ့တွင်ထွန်းညှိထားရန် ရွှေစင်မီးခွက် များနှင့်မီးတင်ခုံများ၊-
21. တန်ဆာဆင်ရန်ပန်းပွင့်များ၊ မီးခွက်များ နှင့်မီးကိုင်တန်ဆာများ၊-
22. မီးညှပ်များ၊ လင်ပန်းများ၊ ခွက်များနှင့်မီး ကျီးခံများဖြစ်၏။ ထိုပစ္စည်းရှိသမျှသည် ရွှေစင်ဖြင့်ပြီးသတည်း။ ဗိမာန်တော်အပြင် တံခါးများနှင့် အလွန်သန့်ရှင်းရာဌာနတော် အဝင်တံခါးများကိုရွှေဖြင့်မွမ်းမံထား သတည်း။