1. ရှောလမုန်မင်းသည်အလျားပေသုံးဆယ်၊ အမြင့်တစ်ဆယ့်ငါးပေရှိသောကြေးဝါ ယဇ်ပလ္လင်ကိုပြုလုပ်စေတော်မူ၏။-
2. အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့်ငါးပေ၊ လုံးပတ်လေးဆယ့်ငါးပေရှိသောကြေးဝါ ရေကန်ကိုလည်းပြုလုပ်စေတော်မူ၏။-
3. ရေကန်၏အပြင်အနားပတ်လည်ကိုနွားရုပ် များဖြင့်တန်ဆာဆင်ထား၏။ ထိုနွားရုပ်များ အထက်အောက်အတန်းနှစ်တန်းကိုရေကန်နှင့် တစ်စပ်တည်းသွန်းလုပ်ထားသတည်း။-
11-16. ဟိရံသည်အိုးများ၊ ဂေါ်ပြားများနှင့်ခွက် ဖလားများကိုလည်းပြုလုပ်လေသည်။ သူသည် ရှောလမုန်မင်းအားကတိထားသည့်အတိုင်း ဗိမာန်တော်အတွက်အောက်ပါပစ္စည်းတန်ဆာ များကိုပြုလုပ်ပြီးစီးလေသည်။တိုင်နှစ်လုံး၊အိုးသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်တို့အတွက်ပန်းကုန်းပုံများပန်းကုန်းများပတ်လည်ရှိအလုံးတစ်ရာစီ ရှိသောသလဲသီးနှစ်တန်းအတွက်သလဲသီးလေးရာ၊လှည်းဆယ်စီး၊အင်တုံဆယ်လုံး၊ရေကန်၊ရေကန်အောက်ခံနွားတစ်ဆယ့်နှစ်ကောင်၊အိုးများ၊ဂေါ်ပြားများနှင့်ခက်ရင်းခွများလက်မှုပညာဆရာဟိရံသည်ထာဝရ ဘုရား၏ဗိမာန်တော်တွင်အသုံးပြုရန် ဤ ပစ္စည်းတန်ဆာအပေါင်းကိုရှောလမုန်မင်း ၏အမိန့်တော်နှင့်အညီတောက်ပြောင်နေသည့် ကြေးဝါဖြင့်ပြုလုပ်လေသည်။