၂ ရာ​ချုပ် 36:2-9 Common Language Bible (BCL)

2. ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ နန်း​စံ​ရ​လေ​သည်။-

3. အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​ကို​ဖမ်း​ဆီး​ထား ပြီး​နောက်​ယု​ဒ​ပြည်​သူ​တို့​ထံ​မှ လက်​ဆောင် ပဏ္ဏာ​အ​ဖြစ်​ဖြင့်​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ် ထောင့်​ငါး​ရာ​နှင့်​ရွှေ​ပေါင်​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ကို​တောင်း​ခံ​တော်​မူ​၏။-

4. နေ​ခေါ​သည်​ယော​ခတ်​၏​ညီ​ဧ​လျာ​ကိမ်​ကို ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တင်​ပြီး​လျှင် ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး လေ​သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။

5. ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ် ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​တစ်​နှစ် နန်း​စံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၏။-

6. ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယု​ဒ ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး​လျှင် ယော​ယ ကိမ်​ကို​ဖမ်း​ဆီး​၍​သံ​ကြိုး​နှင့်​ချည်​နှောင်​ကာ ဗာ​ဗု​လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​လေ သည်။-

7. ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​လည်း​ယူ​၍ မိ​မိ​၏​ဗာ​ဗု​လုန်​နန်း​တော်​တွင်​ထား​တော် မူ​၏။-

8. ယော​ယ​ကိမ်​၏​စက်​ဆုပ်​ဖွယ်​ကောင်း​သည့် အ​ပြု​အ​မူ​များ​နှင့်​ကူး​လွန်​သည့်​ဒု​စ​ရိုက် များ​အ​ပါ​အ​ဝင်​သူ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​တွင် မှတ်​တမ်း​တင်​ထား​သ​တည်း။ သူ​၏​သား​တော် ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

9. ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ ရ​လေ​သည်။ သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား ကို​ပြစ်​မှား​၏။-

၂ ရာ​ချုပ် 36