10. နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
11. ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်တစ်ဆယ့်တစ်နှစ်နန်းစံရလေ သည်။-
12. သူသည်ထာဝရဘုရားကိုပြစ်မှား၍ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုဆင့်ဆိုသူ ပရော ဖက်ယေရမိ၏စကားကိုနှိမ့်ချသောစိတ် ဖြင့်နားမထောင်ဘဲနေ၏။
13. ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-