၂ ရာ​ချုပ် 36:1-17 Common Language Bible (BCL)

1. ယု​ဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏​သား​တော် ယော​ခတ်​ကို​ရွေး​ချယ်​၍ ယေ​ရု​ရှ​လင်​မြို့ တွင်​မင်း​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​၏။-

2. ယော​ခတ်​သည်​အ​သက်​နှစ်​ဆယ့်​သုံး​နှစ်​ရှိ သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ နန်း​စံ​ရ​လေ​သည်။-

3. အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​ကို​ဖမ်း​ဆီး​ထား ပြီး​နောက်​ယု​ဒ​ပြည်​သူ​တို့​ထံ​မှ လက်​ဆောင် ပဏ္ဏာ​အ​ဖြစ်​ဖြင့်​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ် ထောင့်​ငါး​ရာ​နှင့်​ရွှေ​ပေါင်​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ကို​တောင်း​ခံ​တော်​မူ​၏။-

4. နေ​ခေါ​သည်​ယော​ခတ်​၏​ညီ​ဧ​လျာ​ကိမ်​ကို ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တင်​ပြီး​လျှင် ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး လေ​သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။

5. ယော​ယ​ကိမ်​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ် ရှိ​သော​အ​ခါ​ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​တစ်​ဆယ့်​တစ်​နှစ် နန်း​စံ​ရ​လေ​သည်။ သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၏။-

6. ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယု​ဒ ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး​လျှင် ယော​ယ ကိမ်​ကို​ဖမ်း​ဆီး​၍​သံ​ကြိုး​နှင့်​ချည်​နှောင်​ကာ ဗာ​ဗု​လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​လေ သည်။-

7. ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​လည်း​ယူ​၍ မိ​မိ​၏​ဗာ​ဗု​လုန်​နန်း​တော်​တွင်​ထား​တော် မူ​၏။-

8. ယော​ယ​ကိမ်​၏​စက်​ဆုပ်​ဖွယ်​ကောင်း​သည့် အ​ပြု​အ​မူ​များ​နှင့်​ကူး​လွန်​သည့်​ဒု​စ​ရိုက် များ​အ​ပါ​အ​ဝင်​သူ​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ယု​ဒ​ရာ​ဇ​ဝင်​တွင် မှတ်​တမ်း​တင်​ထား​သ​တည်း။ သူ​၏​သား​တော် ယေ​ခေါ​နိ​သည် ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

9. ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ ရ​လေ​သည်။ သူ​သည်​လည်း​ထာ​ဝရ​ဘု​ရား ကို​ပြစ်​မှား​၏။-

10. နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။

11. ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ သည်။-

12. သူ​သည်​ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​၍​ထာ​ဝရ ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​သူ ပ​ရော ဖက်​ယေ​ရ​မိ​၏​စကား​ကို​နှိမ့်​ချ​သော​စိတ် ဖြင့်​နား​မ​ထောင်​ဘဲ​နေ​၏။

13. ဇေ​ဒ​ကိ​သည်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကို​ပုန်​ကန် လေ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​၏​ကျေး​ဇူး သစ္စာ​တော်​ကို​စောင့်​ထိန်း​ရန် သူ့​အား​အ​တင်း အ​ကြပ်​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင် တည်​ကျိန်​ဆို​စေ​တော်​မူ​ခဲ့​၏။ ဇေ​ဒ​ကိ​သည် ခေါင်း​မာ​၍​နောင်​တ​မ​ရ။ ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​မ​လာ​ဘဲ​နေ​လေ​သည်။-

14. ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​တို့​သည်​လည်း မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​ကျင့် ကို​လိုက်​၍ ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကာ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​သီး​သန့် ထား​တော်​မူ​သော​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။-

15. သူ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​နှင့်​ဗိ​မာန်​တော် ကို​ချမ်း​သာ​ပေး​တော်​မူ​လို​သ​ဖြင့် သူ​တို့​အား သ​တိ​ပေး​ရန်​စေ​တ​မန်​များ​ကို​ဆက်​လက် စေ​လွှတ်​တော်​မူ​ခဲ့​၏။-

16. သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​စေ​တ​မန် တို့​အား​ပြက်​ရယ်​ပြု​၍ အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။ ပ​ရော​ဖက်​တို့​အား​ပြောင်​လှောင်​ကြ​၏။ သို့ ဖြစ်​၍​နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​အား ချမ်း​သာ​မ​ပေး​တော့​ချေ။

17. ထာ​ဝရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ခေါ် ဆောင်​တော်​မူ​ခဲ့​၏။ ထို​ဘု​ရင်​သည်​လည်း​ယု​ဒ လူ​ငယ်​လူ​ရွယ်​များ​ကို​ဗိ​မာန်​တော်​ထဲ​၌​ပင် သတ်​ဖြတ်​လေ​သည်။ ဘု​ရား​သ​ခင်​သည်​အ​သက် ကြီး​သူ၊ ငယ်​သူ၊ ယောကျာ်း​မိန်း​မ၊ ဖျား​နာ​သူ၊ ကျန်း​မာ​သူ​တို့​ကို​မ​သ​နား​ဘဲ​ရှိ​ရှိ​သ​မျှ သော​သူ​တို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​သို့ အပ်​တော်​မူ​၏။-

၂ ရာ​ချုပ် 36