ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။-