ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။