၂ ရာ​ချုပ် 34:10-20 Common Language Bible (BCL)

10. ထို​နောက်​ထို​ငွေ​ကို​ဗိ​မာန်​တော်​မွမ်း​မံ​ပြင် ဆင်​မှု​ကြီး​ကြပ်​သူ​သုံး​ဦး​တို့​လက်​သို့ ပေး​အပ်​ကြ​၏။-

11. သူ​တို့​သည်​ထို​ငွေ​ဖြင့်​လက်​သ​မား​နှင့် ဗိ​သု​ကာ​တို့​လက်​သို့​ပေး​အပ်​ရာ​သူ​တို့ က​တစ်​ဖန်​ယု​ဒ​ဘု​ရင်​များ​လျစ်​လူ​ရှု သ​ဖြင့် ယို​ယွင်း​ပျက်​စီး​လျက်​နေ​သော အ​ဆောက်​အ​အုံ​များ​ကို​ပြင်​ဆင်​ရန် ကျောက်​များ​နှင့်​သစ်​သား​များ​ဝယ်​ယူ ကြ​လေ​သည်။-

12. ဤ​အ​လုပ်​ကို​လုပ်​ဆောင်​သူ​တို့​သည်​လုံး​ဝ စိတ်​ချ​ယုံ​ကြည်​ရ​သူ​များ​ဖြစ်​၏။ ထို​သူ​တို့ အား​လေ​ဝိ​အ​နွယ်​ဝင်​မေ​ရာ​ရိ​သား​ချင်း​စု မှ​ယာ​ဟပ်​နှင့်​သြ​ဗ​ဒိ၊ လေ​ဝိ​အ​နွယ်​ဝင် ကော​ဟပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ တို့​ကြီး​ကြပ်​အုပ်​ချုပ်​ရ​ကြ​၏။ (လေ​ဝိ အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ဂီ​တ​ပ​ညာ တွင်​ကျွမ်း​ကျင်​သူ​များ​ဖြစ်​သတည်း။-)

13. လေဝိ​အ​နွယ်​ဝင်​အ​ချို့​တို့​သည်​ဆောက်​လုပ် ရေး​ပစ္စည်း​များ​သယ်​ယူ​ပို့​ဆောင်​မှု​ကို​လည်း ကောင်း၊ အ​ချို့​တို့​က​လုပ်​ငန်း​ခွင်​အ​သီး​သီး ရှိ​အ​လုပ်​သ​မား​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​မှု​ကို​လည်း​ကောင်း၊ အ​ချို့​မှာ​စာ​ရင်း ထိန်း​များ​သို့​မ​ဟုတ်​တံခါး​စောင့်​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​အ​မှု​ထမ်း​ရ​ကြ​လေ​သည်။

14. ပစ္စည်း​သို​လှောင်​ခန်း​မှ​ငွေ​ကို​ထုတ်​ယူ​နေ​စဉ် ဟိ​လ​ခိ​သည်​မော​ရှေ​အား ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တ​ရား​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို တွေ့​ရှိ​ရ​၏။-

15. သို့​ဖြစ်​၍​ယင်း​သို့​တွေ့​ရှိ​သည့်​အ​ကြောင်း​ကို ရှာ​ဖန်​အား ပြော​ပြ​ပြီး​လျှင်​ထို​ကျမ်း​ကို​ပေး အပ်​လိုက်​၏။-

16. ရှာ​ဖန်​သည်​လည်း​မင်း​ကြီး​ထံ​သို့​ယူ​သွား ကာ``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​စေ​ခိုင်း​သ​မျှ သော​အ​မှု​တို့​ကို​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-

17. ဗိ​မာန်​တော်​တွင်​ထား​ရှိ​သည့်​ငွေ​ကို​လည်း​ယူ​၍ အ​လုပ်​သ​မား​များ​နှင့်​သူ​တို့​အား​ကြီး​ကြပ် အုပ်​ချုပ်​သူ​တို့​၏​လက်​သို့ ပေး​အပ်​လိုက်​ပါ ပြီ'' ဟု​အ​စီ​ရင်​ခံ​ပြီး​နောက်၊-

18. ``ဤ​ကျမ်း​ကို​အ​ကျွှန်ုပ်​အား​ပ​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​ကျမ်း​ကို​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။

19. ယင်း​သို့​ဖတ်​ပြ​သည်​ကို​မင်း​ကြီး​ကြား​သော အ​ခါ မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​လေ​သည်။-

20. သူ​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်​၏​သား​အ​ဟိ​ကံ၊ မိက္ခာ ၏​သား​အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်​နှင့်​သက်​တော်​စောင့် အာ​သာ​ယ​တို့​ကို​ခေါ်​၍၊-

၂ ရာ​ချုပ် 34