1. ယောရှိသည်အသက်ရှစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်သုံးဆယ့်တစ်နှစ်နန်းစံရ လေသည်။-
2. သူသည်ထာဝရဘုရားနှစ်သက်တော်မူသော အမှုတို့ကိုပြု၏။ မိမိ၏ဘေးတော်ဒါဝိဒ် မင်း၏စံနမူနာကိုယူ၍ဘုရားသခင်၏ တရားတော်ရှိသမျှကိုတိကျစွာလိုက် နာကျင့်သုံး၏။
3. ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
4. သူ၏ညွှန်ကြားချက်အရမင်းချင်းတို့သည် ဗာလဘုရားအားဝတ်ပြုကိုးကွယ်ရာယဇ် ပလ္လင်များကိုချိုးဖဲ့ချေမှုန်းပြီးလျှင် ထို ယဇ်ပလ္လင်များတွင်ယဇ်ပူဇော်ခဲ့ကြသူ တို့၏သင်္ချိုင်းများအပေါ်တွင်ကြဲဖြန့် ကြ၏။-
5. မင်းကြီးသည်ရုပ်တုကိုးကွယ်သူယဇ် ပုရောဟိတ်တို့၏အရိုးများကိုသူတို့၏ ယဇ်ပလ္လင်များပေါ်တင်၍မီးရှို့စေ၏။ ဤ သို့ပြုခြင်းအားဖြင့်ယုဒပြည်နှင့်ယေရု ရှလင်မြို့တို့ကိုဘာသာရေးထုံးနည်း အရသန့်စင်မှုကိုပြန်လည်ရရှိစေ တော်မူ၏။-
6. သူသည်မနာရှေနယ်မြေ၊ ဧဖရိမ်နယ်မြေ၊ ရှိမောင်နယ်မြေနှင့်မြောက်ဘက်ရှိနဿလိ နယ်မြေတိုင်အောင်အရပ်ရပ်ရှိမြို့များနှင့် ပျက်စီးသောအရပ်များ၌လည်းဤနည်း အတိုင်းပြုတော်မူ၏။-
7. မြောက်ဘက်နိုင်ငံတစ်လျှောက်လုံး၌ယဇ်ပလ္လင် များနှင့်တံခွန်တိုင်များကိုဖြိုဖျက်တော် မူ၏။ ရုပ်တုများကိုညက်ညက်ချေ၍နံ့သာ ပေါင်းမီးရှို့ရာယဇ်များကိုလည်းအပိုင်း ပိုင်းချိုးဖဲ့ပြီးမှယေရုရှလင်မြို့သို့ပြန် တော်မူ၏။
8. ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်၌တိုင်းပြည်နှင့် ဗိမာန်တော်ကိုရုပ်တု ကိုးကွယ်ဝတ်ပြုမှုနှင့်ကင်းရှင်းသန့်စင် အောင်ပြုပြီးနောက်အာဇလိ၏သားရှာဖန်၊ ယေရုရှလင်ဘုရင်ခံမာသေယနှင့်ယော ခတ်၏သားအတွင်းဝန်ယောအာတို့အား ထာဝရအရှင်ဘုရားသခင်၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အတွက်စေ လွှတ်တော်မူ၏။-
9. (ဧဖရိမ်၊ မနာရှေနှင့်အခြားမြောက်ဘက် နိုင်ငံသားများထံမှလည်းကောင်း၊ ယုဒ နိုင်ငံသားများ၊ ဗင်္ယာမိန်အနွယ်ဝင်များ နှင့်ယေရုရှလင်မြို့သူမြို့သားများထံမှ လည်းကောင်း) ဗိမာန်တော်တွင်လေဝိအနွယ် ဝင်တံခါးစောင့်များကောက်ခံရရှိသော ငွေကိုယဇ်ပုရောဟိတ်မင်းဟိလခိအား ပေးအပ်ကြ၏။-
10. ထိုနောက်ထိုငွေကိုဗိမာန်တော်မွမ်းမံပြင် ဆင်မှုကြီးကြပ်သူသုံးဦးတို့လက်သို့ ပေးအပ်ကြ၏။-
11. သူတို့သည်ထိုငွေဖြင့်လက်သမားနှင့် ဗိသုကာတို့လက်သို့ပေးအပ်ရာသူတို့ ကတစ်ဖန်ယုဒဘုရင်များလျစ်လူရှု သဖြင့် ယိုယွင်းပျက်စီးလျက်နေသော အဆောက်အအုံများကိုပြင်ဆင်ရန် ကျောက်များနှင့်သစ်သားများဝယ်ယူ ကြလေသည်။-