9. မနာရှေသည်ဣသရေလအမျိုးသားတို့ ချီတက်စဉ်က ထာဝရဘုရားနှင်ထုတ်တော် မူလိုက်သည့်လူမျိုးတို့ထက်ပို၍ပြစ်မှား စေရန် ကိုယ်တော်၏လူမျိုးတော်အားရှေ့ ဆောင်လမ်းပြ၏။
10. ထာဝရဘုရားသည်မနာရှေနှင့်ပြည်သူတို့ အား သတိပေးတော်မူသော်လည်းသူတို့ သည်နားမထောင်ကြ။-
11. သို့ဖြစ်၍ထာဝရဘုရားသည်အာရှုရိတပ် မတော်နှင့်တပ်မှူးတို့အားယုဒပြည်သို့ချင်း နင်းဝင်ရောက်ခွင့်ပြုတော်မူ၏။ သူတို့သည်မနာ ရှေကိုသံချိပ်များဖြင့်ဆွဲချိပ်ဖမ်းဆီးကာ သံကြိုးများနှင့်ချည်နှောင်ပြီးလျှင်ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားကြ၏။-
12. မင်းကြီးသည်ဆင်းရဲဒုက္ခရောက်သောအခါ မာန်မာနကျိုး၍ မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ပြန်လာပြီးလျှင်ကူမ တော်မူရန်အသနားခံတော်မူ၏။-
13. ဘုရားသခင်သည်မနာရှေ၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူ၍ သူ့အားယေရု ရှလင်မြို့သို့ပြန်လည်သွားရောက်အုပ်စိုးခွင့် ကိုပေးတော်မူ၏။ ထိုအခါမှထာဝရဘုရား သည်ဘုရားမှန်ကြောင်းမနာရှေသေချာ စွာသိလေ၏။
14. ထိုနောက်မနာရှေသည်ဒါဝိဒ်မြို့တော်အရှေ့ ဘက်ဂိဟုန်စမ်းချောင်းအနီးချိုင့်ဝှမ်းတစ်နေ ရာမှ မြောက်ဘက်ငါးတံခါးနှင့်သြဖေလဟု ခေါ်တွင်သည့်အရပ်တိုင်အောင်အပြင်မြို့ရိုး ကိုမြှင့်တင်လိုက်လေသည်။ မင်းကြီးသည်ယုဒ ပြည်တံတိုင်းကာရံထားသည့်မြို့ရှိသမျှတွင် လည်းတပ်မှူးတစ်ယောက်ကိုတပ်စုတစ်စုနှင့် တကွခန့်ထားတော်မူ၏။-
15. သူသည်လူမျိုးခြားတို့၏ဘုရားများနှင့်မိမိ ထားရှိခဲ့သည့်ရုပ်တုကိုဗိမာန်တော်ထဲမှ လည်းကောင်း၊ ရုပ်တုပူဇော်ရာယဇ်ပလ္လင်များ ကိုဗိမာန်တော်တည်ရာတောင်ကုန်းနှင့်ယေရု ရှလင်မြို့ရှိအခြားအရပ်များမှလည်း ကောင်းဖယ်ရှားတော်မူ၏။ မင်းကြီးသည် ထိုအရာအပေါင်းကိုမြို့ပြင်သို့ထုတ်ပစ် ပြီးလျှင်၊-
16. ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန်ယဇ် ပလ္လင်ကိုပြန်လည်ပြင်ဆင်ပြီးနောက်မိတ်သဟာ ယယဇ်နှင့်ကျေးဇူးတော်ချီးမွမ်းရာယဇ်များ ကိုပူဇော်တော်မူ၏။ ယုဒပြည်သူအပေါင်း သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန် အမိန့်ပေးတော်မူ၏။-
17. ပြည်သူတို့သည်အခြားဝတ်ပြုကိုးကွယ်ရာ ဌာနများ၌လည်းဆက်လက်၍ ယဇ်များကို ပူဇော်ကြသော်လည်းထာဝရဘုရားကိုသာ ပူဇော်ကြခြင်းဖြစ်၏။
18. မနာရှေဆောင်ရွက်ခဲ့သောအခြားအမှု အရာရှိသမျှကိုလည်းကောင်း၊ ဘုရားသခင် ထံတော်သို့တင်လျှောက်သည့်ဆုတောင်းပတ္ထ နာနှင့် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အားဖြင့် ပရောဖက်တို့သူ့အားပြန်ကြားသောဗျာ ဒိတ်စကားများကိုလည်းကောင်းဣသရေလ ရာဇဝင်တွင်ရေးထား၏။-
19. မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။-
20. မနာရှေကွယ်လွန်သောအခါသူ့အားနန်း တော်ထဲတွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သားတော် အာမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
21. အာမုန်သည်အသက်နှစ်ဆယ့်နှစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်နှစ်နှစ်မျှနန်းစံရလေသည်။-
22. သူသည်မိမိ၏ခမည်းတော်မနာရှေကဲ့သို့ပင် ထာဝရဘုရားအားပြစ်မှား၍ခမည်းတော်ကိုး ကွယ်ခဲ့သည့်ရုပ်တုများကိုပင်ကိုးကွယ်၏။-
23. သို့ရာတွင်သူသည်ခမည်းတော်ကဲ့သို့စိတ်နှလုံး နှိမ့်ချ၍ထာဝရဘုရားထံတော်သို့မချဉ်း ကပ်။ ခမည်းတော်ထက်ပင်ပို၍အပြစ်ကူး လွန်တော်မူ၏။
24. အာမုန်၏မှူးမတ်တို့သည်လျှို့ဝှက်ကြံစည် ကာသူ့အားနန်းတော်တွင်လုပ်ကြံကြ၏။-
25. သို့ရာတွင်ယုဒပြည်သူတို့ကအာမုန်အား လုပ်ကြံသူတို့ကိုကွပ်မျက်ပြီးလျှင် သူ၏ သားတော်ယောရှိအားနန်းတင်ကြလေ သည်။