၂ ရာ​ချုပ် 33:21-24 Common Language Bible (BCL)

21. အာ​မုန်​သည်​အ​သက်​နှစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင် မြို့​တွင်​နှစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။-

22. သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့​သို့​ပင် ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​၍​ခ​မည်း​တော်​ကိုး ကွယ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ပင်​ကိုး​ကွယ်​၏။-

23. သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော်​ကဲ့​သို့​စိတ်​နှ​လုံး နှိမ့်​ချ​၍​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​မ​ချဉ်း ကပ်။ ခ​မည်း​တော်​ထက်​ပင်​ပို​၍​အ​ပြစ်​ကူး လွန်​တော်​မူ​၏။

24. အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်​လုပ်​ကြံ​ကြ​၏။-

၂ ရာ​ချုပ် 33