19. မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။-
20. မနာရှေကွယ်လွန်သောအခါသူ့အားနန်း တော်ထဲတွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သားတော် အာမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
21. အာမုန်သည်အသက်နှစ်ဆယ့်နှစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်နှစ်နှစ်မျှနန်းစံရလေသည်။-
22. သူသည်မိမိ၏ခမည်းတော်မနာရှေကဲ့သို့ပင် ထာဝရဘုရားအားပြစ်မှား၍ခမည်းတော်ကိုး ကွယ်ခဲ့သည့်ရုပ်တုများကိုပင်ကိုးကွယ်၏။-
23. သို့ရာတွင်သူသည်ခမည်းတော်ကဲ့သို့စိတ်နှလုံး နှိမ့်ချ၍ထာဝရဘုရားထံတော်သို့မချဉ်း ကပ်။ ခမည်းတော်ထက်ပင်ပို၍အပြစ်ကူး လွန်တော်မူ၏။
24. အာမုန်၏မှူးမတ်တို့သည်လျှို့ဝှက်ကြံစည် ကာသူ့အားနန်းတော်တွင်လုပ်ကြံကြ၏။-
25. သို့ရာတွင်ယုဒပြည်သူတို့ကအာမုန်အား လုပ်ကြံသူတို့ကိုကွပ်မျက်ပြီးလျှင် သူ၏ သားတော်ယောရှိအားနန်းတင်ကြလေ သည်။