1. မနာရှေသည်ယုဒဘုရင်အဖြစ်နန်းတက် ချိန်၌အသက်တစ်ဆယ့်နှစ်နှစ်ရှိ၏။ သူသည် ယေရုရှလင်မြို့တွင်ငါးဆယ့်ငါးနှစ်နန်းစံ ရလေသည်။-
2. မနာရှေသည်ကိုယ်တော်၏လူမျိုးတော်ချီတက် စဉ်က ထာဝရဘုရားနှင်ထုတ်တော်မူသောလူ မျိုးတို့၏အကျင့်ဋ္ဌလေ့များကိုယူ၍ကိုယ် တော်အားပြစ်မှား၏။-
3. မိမိ၏ခမည်းတော်ဟေဇကိဖျက်သိမ်းခဲ့သည့် ရုပ်တုကိုးကွယ်ရာဌာနများကိုပြန်လည်တည် ဆောက်လေသည်။ ဗာလဘုရားအားပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၍ ဣသရေလ ဘုရင်အာဟပ်နည်းတူအာရှရဘုရားမ၏ တံခွန်တိုင်များစိုက်ထူ၍ကြယ်နက္ခတ်များ ကိုဝတ်ပြုရှိခိုး၏။-
4. ကိုယ်တော်အားထာဝစဉ်ဝတ်ပြုကိုးကွယ်ရာ ဌာနတော်ဟု ထာဝရဘုရားမိန့်တော်မူရာ ဗိမာန်တော်တွင်ရုပ်တုများကိုပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၏။-
5. ဗိမာန်တော်တံတိုင်းနှစ်ထပ်တွင်ကြယ်နက္ခတ် များကိုပူဇော်ရန်ယဇ်ပလ္လင်များကိုဆောက် လုပ်၏။-
6. မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
7. သူသည်ရုပ်တုတစ်ခုကိုဗိမာန်တော်တွင်ထား ၏။ ထိုဗိမာန်တော်နှင့်ပတ်သက်၍ထာဝရဘုရား ကဒါဝိဒ်နှင့်သားတော်ရှောလမုန်အား``ဣသ ရေလအနွယ်တစ်ဆယ့်နှစ်နွယ်တို့၏နယ်မြေ ရှိသမျှအနက် ငါရွေးချယ်တော်မူသော ယေရုရှလင်မြို့ရှိဤဗိမာန်တော်၌ ငါ့ကို အစဉ်အမြဲဝတ်ပြုကိုးကွယ်ရကြမည်။-