32. ဟေဇကိမင်းလုပ်ဆောင်ခဲ့သောအခြား အမှုအရာရှိသမျှနှင့်ထာဝရဘုရား အားဆည်းကပ်ပုံတို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယ၏ဗျာဒိတ်ရူပါရုံ ကျမ်း၊ ယုဒရာဇဝင်နှင့်ဣသရေလရာဇဝင် တွင်ရေးထားသတည်း။-
33. ဟေဇကိကွယ်လွန်သောအခါသူ၏အလောင်း ကိုဘုရင်များ၏သင်္ချိုင်းအထက်ပိုင်းတွင်သင်္ဂြိုဟ် ကြ၏။ သူကွယ်လွန်ချိန်၌ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့သည်သူ့အား အထူးဂုဏ်ပြုကြ၏။ သားတော်မနာရှေ သည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။