3-4. မိမိ၏မှူးမတ်များနှင့်တိုင်ပင်၍အာရှုရိ အမျိုးသားတို့ရောက်လာချိန်၌ ရေမရအောင် မြို့ပြင်သို့ရေလွှတ်မြောင်းများကိုဖြတ်တောက် စေတော်မူ၏။ မှူးမတ်တို့သည်လူအမြောက် အမြားကိုစုရုံးလျက်စမ်းရေတွင်းရှိသမျှ တို့ကိုပိတ်ဆို့လိုက်ကြ၏။-
28. စပါး၊ စပျစ်ရည်နှင့်သံလွင်ဆီအတွက်ကုန် လှောင်ရုံများ၊ မိမိ၏ကျွဲနွားများအတွက် တင်းကုပ်များ၊ သိုးများအတွက်ခြံများ ကိုလည်းတည်ဆောက်တော်မူ၏။-
29. ထာဝရဘုရားသည်သူ့အားဤအရာ များအပြင်သိုးနွားများနှင့်အခြားပစ္စည်း ဥစ္စာအမြောက်အမြားကိုလည်းပေးသနား တော်မူသဖြင့် သူသည်မြောက်မြားစွာသော မြို့တို့ကိုတည်ထောင်တော်မူ၏။-
30. ဂိဟုန်စမ်းမှရေစီးကြောင်းကိုပိတ်ဆို့လိုက် ပြီးလျှင်ဥမင်လိုဏ်ခေါင်းတူး၍ ယေရုရှလင် မြို့တံတိုင်းအတွင်းသို့ရေကိုသွယ်သူမှာ ဟေဇကိပင်ဖြစ်၏။ ဟေဇကိသည်ပြုလေ သမျှသောအမှုတို့တွင်အောင်မြင်တော်မူ သည်။-
31. တိုင်းပြည်တွင်ဖြစ်ပွားခဲ့သောအံ့ဖွယ်အမှု ကိုစုံစမ်းရန်ဗာဗုလုန်သံတမန်များလာ ရောက်ချိန်၌ပင်လျှင် ဘုရားသခင်သည်ဟေ ဇကိ၏သဘောကိုစမ်းသပ်သိရှိနိုင်ရန်သူ ပြုလိုသည့်အတိုင်းပြုနိုင်ခွင့်ကိုပေးတော် မူ၏။
32. ဟေဇကိမင်းလုပ်ဆောင်ခဲ့သောအခြား အမှုအရာရှိသမျှနှင့်ထာဝရဘုရား အားဆည်းကပ်ပုံတို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယ၏ဗျာဒိတ်ရူပါရုံ ကျမ်း၊ ယုဒရာဇဝင်နှင့်ဣသရေလရာဇဝင် တွင်ရေးထားသတည်း။-